အသက်(၈)နှစ်ကျော်သာရှိသူ စင်ကာပူကလေးငယ် အက်ရှ်ဝါကူရှစ်သည် ဂရင်းမာစတာတစ်ဦးကို အနိုုင်ကစားနိုင်သည့် အသက်အငယ်ဆုံး စစ်တုရင်သမားအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် Burgdorfer Stadthaus အိုးပင်းပြိုင်ပွဲ စတုတ္ထအဆင့်တွင် ကူရှစ် က အသက်(၃၇)နှစ်အရွယ်ရှိ ပိုလန် ဂရင်းမာစတာ ယာဆက်စတိုပါကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ကူရှစ်သည် မကြာသေးမီက ဆားဘီးယားကလေးငယ် လီယိုနစ်အီဗန်နိုဗစ် တင်ရှိထားသော ဂရင်းမာစတာကို အသက်(၉) နှစ်အောက်ဖြင့် အနိုင်ကစားနိုင်သည့် ပထမဆုံးစစ်တုရင်သမားမှတ်တမ်းကို ထပ်မံကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။
အီဗန်နိုဗစ်သည် ဖေဖော်ဝါရီလ(၁၂)ရက်က စံချိန်တင်ခဲ့ရာတွင် အသက်(၈)နှစ်၊ (၁၁)လ၊ (၇) ရက်ရှိခဲ့ပြီး ယခုအခါ ကူရှစ်က (၈)နှစ်၊ (၆)လ၊ (၁၁)ရက်ဖြင့် စံချိန်သစ် ထပ်တင်ခဲ့သည်။ စစ်တုရင်သမိုင်းတစ်လျှောက် ဂရင်းမာစတာတစ်ဦးကို အသက်(၁၀)နှစ်နှင့်အောက်ဖြင့် အနိုင်ယူနိုင်သူမှာလည်း ကူရှစ်နှင့် အီဗန်နိုဗစ်အပါအဝင် (၈)ဦးသာရှိကြောင်း သိရသည်။
ကူရှစ်ကို အိန္ဒိယနိုင်ငံတွင် မွေးဖွားခဲ့ကာ လွန်ခဲ့သည့်(၆)နှစ်ကမှ မိသားစုနှင့်အတူ စင်ကာပူနိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့ပြီး အိန္ဒိယနိုင်ငံသားအဖြစ်ရှိနေသော်လည်း နိုင်ငံတကာအဆင့်တွင် စင်ကာပူကိုယ်စားပြု ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ကူရှစ်အနေဖြင့် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်၏သတ်မှတ်ချက်၌ အဆင့်(၃၇၃၃၈) နေရာတွင် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
