လိဂ်ဖလားဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်း ဗိုလ်စွဲရန် ပိုရေပန်းစားနေကြောင်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ပြောကြား
24htopnews | November 1, 2024 2:12 PM CST
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က လိဂ်ဖလားဗိုလ်လုပွဲတွင် ပြိုင်ဘက် ချယ်လ်ဆီးအသင်းက ဗိုလ်စွဲရန် ပိုရေပန်းစားနေကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးနှင့် လီဗာပူးလ်အသင်းတို့သည် လိဂ်ဖလားဗိုလ်လုပွဲအဖြစ် ယနေ့ည (မြန်မာစံတော်ချိန် ၉း၃၀) တွင် ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
လက်ရှိတွင် လီဗာပူးလ်အသင်း၌ အဓိက ကစားသမားအတော်များများ ဒဏ်ရာရနေသည့်အတွက် လိဂ်ဖလားဗိုလ်လုပွဲတွင် ချယ်လ်ဆီး အသင်းက ပိုရေပန်းစားကြောင်း ကလော့ပ် က ပြောကြားခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က "ဗိုလ်လုပွဲမှာ ကျွန်တော်တို့ ရေပန်းစားသလား မေးမယ်ဆိုရင် လုံးဝမဟုတ်ဘူးလို့ပဲ ဖြေရမှာပါ။ ချယ်လ်ဆီးဟာ ကျွန်တော်တို့အသင်းကို ရှုံးပြီးနောက်မှာ အများကြီးတိုးတက်လာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဗိုလ်လုပွဲမှာ ဘယ်သူတွေပါနိုင်မလဲ ကြည့်ရမှာဖြစ်ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
