ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်လမ်းနှင့် မြနန္ဒာလမ်းဆုံအနီးတွင် ကားတို-က်ခံရ၍ အိမ်ခြေမဲ့ အမျိုးသားတစ်ဦး ေ-သဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၃၁) ရက်၊ ည(၁၁)နာရီခွဲအချိန်ခန့်က အဆိုပါနေရာတွင် ယာဉ်တို-က်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းပေးပို့ချက်အရ Yangon Rescue Organization (YRO)၏ အဖွဲ့ဝင် ပိတောက်ကွေ့လူမှုကူညီရေးအသင်း(ဒဂုံဆိပ်ကမ်း)နှင့် မိတ်ဖက်ဖြစ်သော ရွှေသန်လျင်နာရေးကူညီမှုအသင်းတို့မှ စေတနာ့ ဝန်ထမ်းများ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တို-က်မှု ဖြစ်စဉ်ကြောင့် ေ-သဆုံးခဲ့ရသူမှာ အသက် (၄၅) နှစ်ခန့်အရွယ် အိမ်ခြေမဲ့ အမျိုးသား တစ်ဦး ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ရုပ်အလေ-ာင်းအားမြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ရွှေသန်လျင်နာရေးကူညီမှုအသင်း၏ နာရေးယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ (၃၀) ရက်၊ ည(၁၀)နာရီခွဲအချိန်ခန့်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ရဲဘော်ဟောင်းမှတ်တိုင်အနီးတွင် လူတစ်ဦးကို ယာဉ်တစ်စီးမှ မတော်တဆ တို-က်မိမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသား (၁) ဦးအား မြေပြင်ဆေးကုသမှုပေးပြီး မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ မြသီတာလူမှုကူညီရေးအသင်း(မင်္ဂလာဒုံ)၏ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
