ထားဝယ်မြို့နယ်အတွင်း ည (၁၁) နာရီမှ နောက်တစ်နေ့နံနက် (၃) နာရီအချိန်အထိ ညမထွက်ရအမိန့် အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားကြောင်း မြို့ခံများထံ၏ ပြောကြားချက်များအရ သိရသည်။
ထို ညမထွက်ရအမိန့်အား အောက်တိုဘာလ (၂၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း နှင့် ထိုထုတ်ပြန်ချက်ပါ စာရွက်များအား ဌာနဆိုင်ရာများ နှင့် ကာဂိတ်များ၊ လက်ဖက်ရည်ဆိုင်များ အစရှိသော နေရာများတွင် ကပ်ထားသည်ကိုတွေ့ရကြောင်း ထားဝယ်မြိုခံတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး "ပုဒ်မ - ၁၄၄ ထုတ်ပြန်ချက်ထဲမှာ လူ ငါး ဦးနဲ့အထက် မစုဖို့လည်းပါသလို၊ စီတန်းလှည့်လည်မှုတွေ မလုပ်ဖို့လည်း ရေးထားတာ တွေ့ရတယ်" ဟု ပြောကြားသည်။
ထို အမိန့်ထုတ်ပြန်ချက်ကြောင့် လာမည့် တန်ဆောင်တိုင်ကာလအတွင်း ကျင်းပပြူလုပ်မည့် ထားဝယ်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ လှည့်လည်ပူဇော်ပွဲအား မည်သို့လုပ်ဆောင်ကြမည်ကို မသိရသေးကြောင်းလည်း ၎င်းကဆိုသည်။
ထားဝယ်မြို့နယ် နယ်နိမိတ်အတွင်းရှိ လူတချို့သည် အများပြည်သူတို့၏ လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေကြောင်းကို တွေ့ရှိရကြောင်း ထိုအမိန့်ထုတ်ပြန်တွင် ဖေါ်ပြထားသည်။
ယင်းကဲ့သို့ ပြုမှုဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ထားဝယ်မြို့နယ်တွင် စုဝေးခြင်း၊ ဟောပြောခြင်း၊
ယာဉ်တစ်မျိုးမျိုးကိုအသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမှုခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း အမိန့်ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင်၊ လူ (၅) ဦး နှင့် လူ (၅) ဦးထက်ပိုသော သူများသည် ထားဝယ်မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားလာရာလမ်း၊ လမ်းသွယ် လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုလုပ်ရန်နှင့် ည (၁၁) နာရီမှ နောက်တစ်နေ့ နံနက် (၃) နာရီ အချိန်အတွင်း ညမထွက်ရအမိန့်ကို ထပ်ဆင့်ထုတ်လိုက်ကြောင်း အမိန့်ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။
ဘိုဘိုမြင့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
