ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ပျောက်ဆုံးခဲ့သော ကလေးငယ်ကို ပြန်တွေ့ပြီ
24htopnews | November 1, 2024 4:12 PM CST
ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ပျောက်ဆုံးခဲ့သော ကလေးငယ်ကို ပြန်တွေ့ပြီဖြစ်ကြောင်း ကလေးငယ်၏ အဒေါ်ဖြစ်သူက အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
" ဝိုင်းရှာပေးတဲ့သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သိပ်မကြာသေးပါဘူး။ ပြန်တွေ့တာ။ ဒီတခါပြန်တွေ့တာ မှန်ပါတယ်။ စိတ်ပူပေးကြတဲ့သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ အလုပ်ရှုပ်နေကြလို့ နောက်မှ အသေးစိတ် ပြောပေးပါ့မယ်" ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက ပြောကြားသည်။
ပျောက်ဆုံးသွားသည့် ကလေးငယ်မှာ ကိုးရက်အရွယ်သာရှိသေးပြီး ကျန်းမာရေးမကောင်းသဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ကုသမှုခံယူနေခြင်း ဖြစ်သည်။
ကလေးငယ်၏ မိဘများမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး ကလေးငယ်မှာ အောက်တိုဘာ ၃၀ ရက် နံနက် ၄ နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
