မြန်မာနိုင်ငံအနေဖြင့် မည်သည့် COVID-19 ကာကွယ်ဆေးအမျိုးအစား ရရှိမည်ဆိုသည်ကို Gavi ၊ The Vaccine Alliance မှ ကျန်းမာရေးဝန်ကြီးဌာနထံ ကြိုတင်အကြောင်းကြား အသိပေးမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်က နေပြည်တော် ၌ပြုလုပ်သည့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးစီမံချက်အတွက် COVID-19 ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် COVAX အစီအစဉ်မှ COVID-19ကာကွယ်ဆေးရရှိရန် Gavi၊ The Vaccine Alliance ထံသို့ ဒီဇင်ဘာ ၇ ရက်၌ ပေးပို့ရန်အတွက် ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်မှ ၂၀၂၂ ခုနှစ် ဒုတိယသုံးလ ပတ်အထိ ကာကွယ်ဆေးထိုးနှံမည့် ပုံစံအဆင့်ဆင့်၊ ကာကွယ်ဆေးထိုးနှံပေးမည့် ဦး စားပေးအုပ်စု၊ Gavi နှင့် မြန်မာနိုင်ငံမှ ကုန်ကျငွေကို ခွဲဝေကျခံမည့်ပုံစံ၊ မိမိတို့နိုင်ငံမှ သုံးစွဲလိုသည့် ဦးစားပေးအလိုက် ကာကွယ် ဆေးအမျိုးအစား၊ ကာကွယ်ဆေးရရှိပါက သိုလှောင်သယ်ဆောင် ထိုးနှံမည့် အစီအစဉ် အစရှိသည်တို့ကို Gavi၊ The Vaccine Alliance က ပေးပို့သော ဖောင်ပုံစံတွင် အသေးစိတ် ဖြည့်စွက်၍ မပေးပို့မီ မြန်မာနိုင်ငံ COVID-19ကာကွယ်ဆေး လုပ်ငန်းပေါင်း စပ်ညှိနှိုင်းစီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee - CNCC)နှင့် အမျိုးသားအဆင့် ကာကွယ်ဆေး ထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအ ဖွဲ့ (National Immunization Technical Advisory Group-NITAG) တို့ နောက်ဆုံးအဆင့် အသေးစိတ်ဆွေးနွေးပွဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအား အခြေအနေတို့ကို နောက်ခံထား၍ စဉ်းစား ရမည်ဖြစ်ကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဌာနသည် Gavi ၊ The Vaccine Alliance နှင့် အချိန်နှင့် တစ်ပြေးညီ အသေးစိတ် ကြိုတင်ဆွေးနွေးထားပြီးဖြစ်သဖြင့် ကာကွယ်ဆေးအမြန်ဆုံးရရှိမည်ဟု ယူဆ ထားကြောင်းနှင့် Gavi၊ The Vaccine Allianceသို့အကြောင်းကြားရန် လုပ်ဆောင်နေချိန်တွင် မိမိတို့သည် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးများကို ရရှိသည့်အချိန်၌ မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေးအစီ အစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအ တွက် လုပ်ငန်းများကို တစ်ပြိုင်တည်း စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် ကာကွယ်ဆေး ၁၃ မျိုးကို နှစ်ပေါင်းများစွာ ထိုးနှံပေး နေသည့် အတွေ့အကြုံများစွာရှိသည့် အ တွက် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို အဆင်ပြေစွာ ဆောင်ရွက်နိုင် မည်ဟု မိမိယုံကြည်ကြောင်း၊ မိမိတို့ အထူး သတိပြုရမည်မှာ အအေးလမ်းကြောင်းစနစ် ပင်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ လိုအပ်နိုင်သည့်အချက်များကို သိရှိသည့် အတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မည်သည့်ကာကွယ် ဆေးအမျိုးအစား ရရှိမည်ဆိုသည်ကို Gavi၊ The Vaccine Alliance က မိမိတို့ထံသို့ ကြိုတင်အကြောင်းကြား အသိပေးမည်ဖြစ် ကြောင်း၊ COVAX အစီအစဉ်မှ ၂၀၂၁ ခု နှစ်အတွင်း အများဆုံးရရှိနိုင်မည့် ကာကွယ် ဆေးပမာဏမှာ မြန်မာနိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအတွက်သာ ရရှိမည်ဖြစ်ပြီး ရရှိ ခြင်းမှာလည်း တစ်ကြိမ်တည်းနှင့် အကုန်ရရှိမည် မဟုတ်သည်ကို သိရှိရကြောင်းနှင့် မိမိတို့သည် ထပ်မံလိုအပ်မည့်ပမာဏကို ဝယ် ယူနိုင်ရန်အတွက် ကာကွယ်ဆေးထုတ်လုပ် သုတေသနပြုနေသည့် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ယူကေ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့မှ သက်ဆိုင်ရာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးများနှင့် ဆက်သွယ်၍ ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထပ်မံလိုအပ်မည့် ကာကွယ်ဆေးပမာဏကို ဝယ်ယူနိုင်ရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ကမ္ဘာ့ဘဏ် ချေးငွေတို့ဖြင့် ဝယ်ယူနိုင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီမှ လမ်းညွှန်ချက်များ လည်းရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီးက ပြောကြားသည် ။
နိုင်ငံများက COVID-19ကာကွယ် ဆေးဝယ်ယူရာတွင် WHO အသိအမှတ်ပြု ထောက်ခံသော အမျိုးသားဆေးဝါးကြီးကြပ် ရေးအာဏာပိုင်အဖွဲ့များမှ အသိအမှတ်ပြု ထားသော ကာကွယ်ဆေးများကိုသာဝယ်ယူ ရမည်ဖြစ်ကြောင်း World Bank အဖွဲ့က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
