စီးပွားရေးလုပ်ငန်းများ ယခင်ထက်ပိုကောင်းအောင် ကြိုးစားသွားမည်ဖြစ်ပြီး COVID-19 ရောဂါမဖြစ်ခင်က အချိန်နှင့်စာလျှင် မရရှိခဲ့သည့် အခွင့်အရေးများရရန် ကြိုးစားသွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်သူများသို့အစီရင်ခံတင်ပြသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၇ ရက်က ပြောကြားသည့်မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" ကျွန်မတို့ကနေပြီးပြန်လည်ပြီးစီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်နိုင်အောင်လို့ ၊ ကျွန်မတို့ရဲ့ စီးပွားရေး ပြန်ပြီး တိုးတက်လာနိုင်အောင်လို့ ၊ အရင်တုန်းကထက်တောင်မှ ပိုပြီးကောင်းသွားနိုင်အောင်လို့ ဆိုပြီး ကျွန်မတို့ ကြိုးစားပါမယ် ။ အခုအချိန်မှာဆိုရင် COVID-19 ရောဂါ နောက်ပိုင်းအချိန်မှာ အရင်တုန်းက ရောဂါမဖြစ်ခင်တုန်းက အချိန်နဲ့စာလို့ရှိရင် မရှိခဲ့တဲ့ အခွင့်အရေးတွေ ကျွန်မတို့ရဖို့ဖြစ်ပါတယ် ။ ဒါပေမယ့် အခွင့်အရေး ဆိုတာ ၊ အခွင့်အရေးရလာပေမယ့် ဒီအခွင့်အရေးကို ကျွန်မတို့ကနေပြီး မိမိရရ ကိုင်ဆုပ်ပြီးတော့ သုံးနိုင်မှ အကျိုးရှိမှာပါ"ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် အစိုးရအနေဖြင့် COVID-19 ကာကွယ်ဆေးအမြန်ဆုံး ပြည်သူများထံ ရောက်နိုင်ရန်၊ ကာကွယ် ဆေးထိုးပေးနိုင်အောင်ရန် စီစဉ်လျက်ရှိကြောင်း ၊ ယခုအချိန်တွင် ကျန်းမာအောင်နေကြရန် ၊ အချို့နိုင်ငံများတွင် စတင်သုံးနေပြီဖြစ်ကြောင်း၊ အချို့နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးတော့မည်ဟု ကြေညာထားကြောင်း ၊ ကာကွယ်ဆေးရသည့်အချိန်တွင် အမြန်ဆုံးသုံးနိုင်ရန် စီစဉ်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
"အခုဆိုလို့ရှိရင် ကာကွယ်ထိုးဆေးကို တချို့နိုင်ငံတွေမှာစပြီးတော့ သုံးနေပါတယ်။ တချို့နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဒီအပတ်စပြီးတော့ သုံးတော့မယ်လို ့ကြေညာထားတာ ရှိတယ်။ တချို့တွေကစပြီးတော့စမ်းပြီးသုံးနေပါပြီ။ကျွန်မတို့နိုင်ငံဟာလည်း ကာကွယ်ဆေးရတဲ့အခါမှာ ကာကွယ်ဆေးသုံးလို့ အဆင်ပြေတဲ့အချိန်မှာအမြန်ဆုံးစပြီးသုံးဖို့ ကျွန်မတို့စီစဉ်ပါတယ်။ သို့သော်လည်းပဲ ပြည်သူလူထုအနေနဲ့ ဒီကာကွယ်ဆေးရဲ့အကျိုးသက်ရောက်မှုကိုပေါ့နော်။ အပြည့်အဝခံစားဖို့ဆိုရင် အခုအချိန်မှာသိပ်ပြီးသတိထားဖို့လိုတယ်။ ကျွန်မတို့ဘာဖြစ်လို့ ဒီလိုပြောရတာလည်းဆိုရင် ကာကွယ်ဆေး ရတော့မှာပဲဆိုပြီးတော့ ပေါ့သွားမှာစိုးရိမ်ပါတယ်။ ဒီလိုပေါ့သွားလို့မဖြစ်ပါဘူး။ ပထမဦးဆုံး အားဖြင့်ဆိုရင် ကျန်းမာရေးပညာရှင်ဟာလည်း ထပ်တလဲလဲတော့ သတိပေးနေပါတယ်။ COVID-19 ရောဂါဟာနောင်အတွက် အကျိုးဆက်တွေဘယ်လိုရှိမလဲဆိုတာ ပြောလို့မရဘူးဆိုပြီးပြောပါတယ်။ ပြောချင်တာက ဒီကိုဗစ်ရောဂါ တခါဖြစ်ပြီးတာနဲ့ နောက်တခါမဖြစ်တော့ဘူးလား။ နောက်ထပ်ဖြစ်နိုင်တဲ့အလားအလာ။ ဒီဖြစ်နိုင်တဲ့အလားအလာ နောက်ထပ်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကိုဗစ်ရောဂါတစ်ခါဖြစ်ဖူးပြီဆိုလို့ရှိရင် ကိုယ်ရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်မယ်ဆိုတာ ပြောလို့မရသေးပါဘူး"ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
ယင်းအပြင်အလုပ်အကိုင်ဖန်တီးရေးများအတွက်လည်း အလေးထား စီစဉ်နေကြောင်း ၊ သို့သော်အလုပ်လုပ်နိုင်ရန်အတွက် ကျန်းမာရန် လိုအပ်ကြောင်း ၊ထို့ကြောင့် အလုပ်များ ဖန်တီးသည့်အချိန်တွင်အလုပ်ရနိုင်သည့် အချိန်မှ မိမိ၏ကျန်းမာရေး မကောင်းပါက မိမိလည်း နစ်နာသည့်အပြင် နိုင်ငံနှင့် မိသားစုလည်း နစ်နာကြောင်း ကျန်းမာအောင်နေစေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
