ဘာစီလိုနာအသင်းသည် စပိန် ကွင်းလယ်ကစားသမား ဖာမင်လိုပက်ဇ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ယူရိုသန်း (၅၀၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရ သည်။
ဖာမင်လိုပက်ဇ်(၂၁ နှစ်)သည် ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီထွက် ကစားသမားတစ် ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဘာစီလိုနာအသင်းအတွက် စတင်ကစားခွင့်ရခဲ့သူဖြစ်သည်။
ဘာစီလိုနာအသင်းသည် ၎င်းကို ၂၀၂၃ ခုနှစ် သြဂုတ်လ၌ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ဖူးပြီး ယူရို သန်း(၄၀၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုခဲ့သည်။
ဖာမင်လိုပက်ဇ်သည် ယင်းနောက်ပိုင်း၌ စပိန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရသလို၊ ဘာစီလိုနာအသင်းတွင်လည်း ပိုမို်နေရာရလာခဲ့သည့်အတွက် ဘာစီလိုနာအသင်းက သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆို၍ ၎င်းအား ထိန်းသိမ်းထားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖာမင်လိုပက်ဇ်သည် ယခုရာသီတွင် ကြွက်သားဒဏ်ရာကြောင့် ဘာစီလိုနာအသင်း၏ ပွဲစဉ်အချို့ကို လွဲချော်ခဲ့သော်လည်း ဘိုင်ယန်မြူး နစ်အသင်းအား အနိုင်ရသောပွဲနှင့် ရီးယဲလ်အသင်းအား အနိုင်ရသောပွဲတို့တွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ပရိသတ်များ၏ အားပေးထောက်ခံမှုများစွာ ရရှိခဲ့သည်။
၎င်းကို ခေါ်ယူရန် စောင့်ကြည့်နေသည့် ကလပ်အသင်းများစွာရှိနေသည့်အတွက် ဘာစီလိုနာအသင်းက သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
