ဆော်ဒီကလပ် အယ်လ်အက်တီဖတ်အသင်း၏ ပရိသတ်များသည် နည်းပြ စတီဗင်ဂျရတ် ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဂျရတ်(၄၄ နှစ်) သည် ၂၀၂၃ နွေရာသီတွင် အယ်လ်အက်တီဖတ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၄ ဇန်နဝါရီ၌ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။
သို့သော် ဆော်ဒီဖလားပြိုင်ပွဲတွင် ဒုတိယတန်းကလပ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အယ်လ်အက်တီဖတ်ပရိသတ်များက ၎င်းအား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပရိသတ်အများစုက ၎င်း၏ လူထုတ်ပုံကို ဝေဖန်ပြစ်တင်နေကြကြောင်း သိရသည်။
စတီဗင်ဂျရတ်သည် ကစားသမားဘဝမှ အနားယူပြီးနောက် စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းကို ကိုင်တွယ်ရာတွင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။
သို့သော် ၎င်းသည် အက်စတွန်ဗီလာအသင်းကိုကိုင်တွယ်ရာတွင် ရလဒ်များဆိုးရွားသည့်ရာထူးမှ ထုတ်ပယ်ခံရဖူးသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
