■ အင်တာမီလန်နှင့် ချန်ပီယံလိဂ်ပွဲတွင် အော်ဒီဂွါ ပြန်ကစားနိုင်ဖွယ်ရှိ
24htopnews | November 1, 2024 5:12 PM CST
ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရသည့် အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါသည် အင်တာမီလန်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲတွင် ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
အော်ဒီဂွါသည် စက်တင်ဘာလအစောပိုုင်းက နော်ဝေလက်ရွေးစင်အသင်းအတွက် ယှဉ်ပြိုင်ကစားရင်း ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယခုအခါ ၎င်းင်းအနေဖြင့် လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်သော်လည်း ယခုတစ်ပတ်ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲတွင်မူ အာဆင်နယ် နည်းပြ အာတီတာက အသုံးပြုဖွယ်မရှိသေးကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် နိုဝင်ဘာ(၆)ရက်တွင် အင်တာမီလန်နှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာတီတာအနေဖြင့် အဆိုပွဲစဉ်တွင်မှ အသင်းခေါင်းဆောင် အော်ဒီဂွါအား အသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
