■ ဆာလာနေရာ အစားထိုးရန် မာမွတ်ရှ်ကို လီဗာပူးလ်အသင်း ချိန်ရွယ်
24htopnews | November 1, 2024 5:12 PM CST
လီဗာပူးလ်အသင်းသည် ၀ါရင့်အီဂျစ်တိုက်စစ်ကစားသမား ဆာလာ၏နေရာ အစားထိုးရန်အတွက် ဖရန့်ဖတ်အသင်း မှ အီဂျစ်တိုက်စစ်မှူး အိုမာမာမွတ်ရှ်ကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။
ဆာလာသည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် ဆာလာ၏နေရာတွင် အစားထိုးရန် ကစားသမား ရှာဖွေနေခြင်းဖြစ်ကြောင်း သိရှိရသည်။
မာမွတ်ရှ်(၂၅ နှစ်)သည် ယခုရာသီတွင် ဖရန့်ဖတ်အသင်း၌ ခြေစွမ်းပြနေသူဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်ရရှိပါက ဖရန့်ဖတ်အသင်းက ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။
မာမွတ်ရှ်သည် ယခုရာသီတွင် ဖရန့်ဖတ်အသင်းအတွက် ဘွန်ဒစ်လီဂါ (၈) ပွဲတွင် (၉) ဂိုးအထိ သွင်းယူထားသလို၊ ပြိုင်ပွဲစုံ (၁၃) ပွဲတွင် (၁၁) ဂိုး သွင်းယူထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
