ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား မူစီယာလာသည် ပရီးမီးယားလိဂ်ထိ်ပ်သီးအသင်းများ၏ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံနေရသော်လည်း ဘိုင်ယန်မြူးနစ်အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖွယ်ရှိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
မူစီယာလာ(၂၁ နှစ်)သည် လူငယ်ကစားသမားဘဝကို ဆောက်သမ်တန်နှင့် ချယ်လ်ဆီးအသင်းများတွင် ဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး အင်္ဂလန်လူငယ်အသင်းများတွင်လည်း ကစားခဲ့ဖူးသူဖြစ်သည်။
၎င်းသည် ၂၀၂၀ ခုနှစ်မှစ၍ ဘိုင်ယန်မြူးနစ်အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှစ၍ အသင်း၏ အမာခံကစားသမားတစ်ဦးဖြစ်လာခဲ့သည်။
၎င်း၏ ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ခေါ်ယူရန် ချိန်ရွယ်ခဲ့ကြခြင်းဖြစ်သည်။
မန်စီးတီး၊ မန်ယူ၊ လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့က မူစီယာလာကို ခေါ်ယူရန် စိတ်ဝင်စားနေကြခြင်းဖြစ်ပြီး ၎င်းကလည်း အစောပိုင်းတွင် အသင်းသစ်တစ်သင်းထံ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ဖူးသည်။
သို့သော် ယခုအခါ ဘိုင်ယန်မြူးနစ်အသင်းတွင် ပျော်ရွှင်နေကြောင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်နှင့် သက်တမ်းတိုးရန် အစီအစဉ်ရှိသလားဟု Sky Germany က မေးမြန်းခဲ့ရာ "ဟုတ်ကဲ့။ အဲဒီလို ဖြစ်လာနိုုင်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော် ဘိုင်ယန်မြူးနစ်အသင်းမှာ ပျော်ရွှင်နေပါတယ်။ လက်ရှိအချိန်မှာ ဒီထက်အများကြီးတော့ မပျော်နိုင်ပါဘူး။ နည်းနည်းလျှို့ဝှက်ထားတာက ပိုကောင်းပါတယ်။ အချိန်ယူဖို့လည်း လိုပါတယ်"ဟု မူစီယာလာက ပြောကြား ခဲ့သည်။ ဘိုင်ယန်မြူးနစ်က ၎င်းကို နှစ်ရှည်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
