ရီးယဲလ်အသင်းသည် ဗလင်စီယာဒေသတွင် ဖြစ်ပွားနေသည့် ရေဘေးအတွက် ယူရို(၁) သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
စပိန်နိုင်ငံ ဗလင်စီယာဒေသတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေရာ အနည်းဆုံးလူ(၁၅၀) ခန့် သေဆုံးခဲ့ပြီး လူပေါင်းများစွာ ရေဘေးဒုက္ခ နှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် ရီးယဲလ်အသင်းက အရေးပေါ်ကူညီမှုများ လုပ်ဆောင်နိုင်ရန်အတွက် ယူရို(၁)သန်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် လာမည့်စနေနေ့တွင် လာလီဂါပွဲစဉ်(၁၂)အဖြစ် ဗလင်စီယာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ အဆိုပါပွဲကိုလည်း ရေဘေးကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။
စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) သည် သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတာဝန်ရှိသူများ၏ တောင်းဆိုမှုကြောင့် လာမည့်ရက်သတ္တပတ်အတွင်း ဗလင်စီယာဒေသ၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော ဘောလုံးပွဲစဉ်အားလုံးကို ရွှေ့ဆိုင်းပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ ကြောင့် လာလီဂါပွဲစဉ်(၁၂)တွင် ဗလင်စီယာ - ရီးယဲလ်ပွဲနှင့်အတူ ဗီလာရီးယဲလ် - ဗယ်လက်ကာနိုပွဲကိုလည်း ရွှေ့ဆိုင်းခဲ့သည်။
ဆီဂန်ဒါပြိုင်ပွဲ မှ ပွဲစဉ်(၃)ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ပြီး အမျိုးသမီးလိဂ်ပြိုင်ပွဲမှ ပွဲစဉ်(၂)ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
ယှဉ်ပြိုင်ကစားသည့်ပွဲများ၌ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်သွားမည်ဟုလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
