မန်စီးတီးအသင်း၏ ဒဏ်ရာရစာရင်းတွင် ဆယ်ဗင်ညိုနှင့် အကန်ဂျီ ထပ်တိုးလာ
24htopnews | November 1, 2024 5:12 PM CST
မန်စီးတီးအသင်း၏ ဒဏ်ရာရကစားသမားစာရင်းတွင် တောင်ပံကစားသမား ဆယ်ဗင်ညိုနှင့် နောက်ခံလူ အကန်ဂျီတို့ ထပ်တိုးလာကြောင်း သိရသည်။
အောက်တိုဘာ ၃၀ ရက်က စပါးအသင်းအား ရှုံးနိမ့်သည့် လိဂ်ဖလားပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ခန်းပြုလုပ်စဉ် အကန်ဂျီ ဒဏ်ရာရရှိသွားသဖြင့် ပွဲထွက်စာရင်းမှ နုတ်ထွက်ခဲ့ရသည်။
ထို့ပြင် ဆယ်ဗင်ညိုမှာလည်း ခြေချင်းဝတ်ထိခိုက်မိသဖြင့် ဒုတိယပိုင်း ၆၃ မိနစ်တွင် လူစားလဲခဲ့ရပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရသည်။
''ကျွန်တော်တို့မှာ ကစားသမား ၁၃ ဦးပဲ ရှိပါတယ်။ အဲဒါက တကယ်ကိုခက်ခဲပါတယ်။ ကျွန်တော်တို့ ဒုက္ခရောက်နေတယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကိုးနှစ်အတွင်းမှာ ဒဏ်ရာတွေအများကြီးနဲ့ အခြေအနေမျိုး တစ်ခါမှမကြုံဖူးပါဘူး'' ဟု နည်းပြဖြစ်သူ ဂွါဒီယိုလာက ပွဲအပြီးတွင် ပြောကြားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
