စပိန်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ ယခုတစ်ပတ် ဗလင်စီယာမြို့တွင်ကစားရမည့် လာလီဂါနှင့် ဆီဂန်ဒါပွဲစဉ်များကို ရွှေ့ဆိုင်းပေးရန် လာလီဂါပြိုင်ပွဲက စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ထံ တောင်းဆိုထားကြောင်း သိရသည်။
ဒါနာမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး စပိန်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတွင် ကားလမ်းနှင့် ရထားလမ်းများ ပြတ်တောက်လျက်ရှိသလို ဗလင်စီယာမြို့တစ်ဝိုက်ဒေသမှာ ရေကြီးရေလျှံမှုအဆိုးရွားဆုံး ဖြစ်ပွားလျက်ရှိသည်။
စပိန်အစိုးရ၏ အရေးပေါ်ညှိနှိုင်းရေးစင်တာက အောက်တိုဘာ ၃၀ ရက် ထုတ်ပြန်မှုအရ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၇၀ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူများစွာရှိကြောင်း သိရသည်။
သို့ဖြစ်ရာ လာလီဂါပြိုင်ပွဲက ယင်းဒေသတွင် ယခုတစ်ပတ်ကစားမည့် လာလီဂါပွဲစဉ်နှစ်ပွဲနှင့် ဆီဂန်ဒါပွဲစဉ်သုံးပွဲကို ရွှေ့ဆိုင်းပေးရန် RFEF ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
''စပိန်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး အထူးသဖြင့် ဗလင်စီယာဒေသမှာ ထိခိုက်မှုဖြစ်ပေါ်လျက်ရှိပါတယ်။ ကလပ်အသင်းတွေရဲ့ တောင်းဆိုမှုအရ ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ဗီလာရီးယဲလ်-ဗယ်လက်ကာနို၊ ဗလင်စီယာ-ရီးယဲလ်မက်ဒရစ်၊ ကယ်စတယ်လွန်-ဖာရိုးလ်၊ အယ်လ်ဒန်ဆီ-ဟွယ်ဆကာ၊ လီဗန်တေး-မာလာဂါ ပွဲစဉ်တွေကို ရွှေ့ဆိုင်းပေးဖို့ လာလီဂါအနေနဲ့ RFEF ထံ တောင်းဆိုထားပါတယ်'' ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကြားရက်တွင်ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား ပထမအဆင့်ပွဲစဉ်များအနက် ပွဲစဉ်ခြောက်ပွဲကိုလည်း ရေကြီးရေလျှံမှုကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
