အမေရိကန်ဖျန်ဖြေရေးသမားများက အစ္စရေးနှင့်လက်ဘနွန်၏ဟစ်ဇဘိုလာတို့ စစ်မက်ဖြစ်ပွားမှုများ ရပ်ဆိုင်းရေးအတွက် အဆိုပြုချက်တစ်ရပ်ကို အကောင်အထည် ဖော်နေသည်ဟု အောက်တိုဘာ ၃၀ ရက် တွင်သတင်းအရင်းအမြစ်နှစ်ခုက ပြောကြားခဲ့သည်။
အစ္စရေးက လက်ဘနွန်၏သမိုင်းဝင် ဘားလ်ဘက်မြို့ကို ဗုံးကြဲခြင်းဖြင့် ထိုးစစ်ဆင်လျက်ရှိစဉ် အမေရိကန်ဖျန်ဖြေရေးသမားများက အစ္စရေးနှင့်ဟစ်ဇဘိုလာတို့ ရက် ၆၀ အပစ်အခတ်ရပ်စဲရေး ကိစ္စကို ဆောင်ရွက်နေခြင်းဖြစ်သည်။
နိုင်ငံတော် ထိန်းချုပ်မှုအပြင်ဘက်တွင် လက်ဘနွန်တောင်ပိုင်းကို လက်နက်ကင်းစင်စေရန် ၂၀၀၆ ခုနှစ်တွင် ချမှတ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၁,၇၀၁ ကို အပြီးသတ်အကောင်အထည် ဖော်ရေးအတွက် နှစ်လကြာအပစ်အခတ် ရပ်စဲရေးကာလကို အသုံးပြုရလိမ့်မည်ဟု သတင်းအရင်းအမြစ်များကရိုက်တာကို ပြောကြားခဲ့သည်။
တာဝန်ရှိသူများဖြစ်ကြသည့် ဘရတ်မက်ဂါ့ခ်နှင့်အေးမော့ဟို့စတိန်းတို့သည် အောက်တိုဘာ ၃၁ ရက်တွင် အစ္စရေးနိုင်ငံကို သွားလိမ့်မည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ကိစ္စရပ်အ များအပြားကို ဆွေးနွေးလိမ့်မည်ဖြစ်ရာ ဂါဇာ၊လက်ဘနွန်၊ ဓားစာခံများ၊ အီရန်၊ ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာအရေးကိစ္စများကို ဆွေးနွေးလိမ့်မည်ဟု အမေရိကန်တာဝန်ရှိသူက ပြောကြားခဲ့သည်။
ဟစ်ဇဘိုလာအုပ်စုသည် လက်ခံနိုင်သောအချက်များဖြင့် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲမှုကို သဘောတူ လိမ့်မည်ဟု ဟစ်ဇဘိုလာ ခေါင်းဆောင်သစ်နီယမ်ကာ ဆမ်က အောက်တိုဘာ ၃၀ ရက်တွင်ထုတ်ဖော် ပြောကြားလိုက်သည်ဆိုသော်လည်း အပစ်အခတ်ရပ်စဲရန် အလားအလာရှိသော အပေး အယူကိုတင်ပြရမည်ဟုဖြည့်စွက် ပြောကြားခဲ့သည်။
“အစ္စရေးတွေက ကျူးကျော်မှုကို ရပ်ချင်တယ်ဆိုပြီး ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော်တို့ကအဲဒါကိုလက်ခံ တယ်လို့ပြောမှာပါ။ ဒါပေမဲ့ဆီလျှော်မှုရှိပြီး သင့်တော်တယ်လို့ ကျွန်တော်တို့ရှုမြင်တဲ့ အခြေအနေတွေအရ ကျွန်တော်တို့ လက်ခံမှာဖြစ်ပါတယ်”ဟု ကြိုတင်အသံသွင်းထားသော မိန့်ခွန်းတွင်ကာ ဆမ်က ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းသည် အောက်တိုဘာ ၂၉ ရက် တွင် ဟစ်ဇဘိုလာ၏အတွင်းရေးမှူးချုပ်အဖြစ် ကြေညာခံခဲ့ရပြီးနောက် ကာဆင်ပထမဆုံးပြောကြားသော မိန့်ခွန်းဖြစ်သည်။
သို့ရာတွင် ဟစ်ဇဘိုလာကအပစ်အခတ် ရပ်စဲရေးအတွက်အနူးအညွတ်တောင်းပန်လိမ့်မည်မဟုတ်ဟု ၎င်း ဖြည့်စွက်ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေးသေချာစေရန် နိုင်ငံရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှု များသည် အကျိုးရလဒ်များ ထွက်ပေါ်လာခြင်းမရှိသေးဟု ဆိုသည်။
စက်တင်ဘာ ၂၇ ရက် တွင် အစ္စရေးကလုပ်ကြံခဲ့သောကြောင့်သေဆုံးသွားခဲ့သော ဟစ်ဇဘိုလာခေါင်းဆောင်ဟာဆန်နာဆရယ်လာ၏နေရာကို ကာဆမ်ကအစားဝင်လာခြင်းဖြစ်သည်။ သေဆုံးသွားသော ဟာဆန်နာဆရယ်လာသည် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအုပ်စု၏အကြီးအကဲအဖြစ် နှစ် ၃၀ ကျော်ဆောင်ရွက်ခဲ့သူဖြစ်သည်။
အစ္စရေးက လက်ဘနွန်ရှိရှီးယားမွတ်စလင်စစ်သွေးကြွအုပ်စုဟစ်ဇဘိုလာကို စစ်ဆင်ရေးများ တိုးချဲ့လျက်ရှိစဉ် အမေရိကန်က ဖျန်ဖြေရေးသမားများက အစ္စရေးနှင့်ဟစ်ဇဘိုလာတို့ အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆောင် ရွက်နေခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်သည် ရောမခေတ်ဘုရားကျောင်းများကြောင့် ထင်ရှားသောအရှေ့ပိုင်းဘားလ်ဘတ်မြို့ကို အောက်တိုဘာ ၃၀ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်လုပ်ခဲ့သည့်အပြင် ယင်းမြို့အနီးရှိ ကျေးရွာများကိုလည်း တိုက်ခိုက်ခဲ့သည်ဟု လုံခြုံရေး သတင်းအရင်းအမြစ်များက ပြောကြားသည်။
Ref: Reuters, AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
