ပဲခူးစက်မှုဇုန်အတွင်းရှိ စက်ရုံဝန်ထမ်းများတွင် COVID-19 ရောဂါကူးစက်မှု များပြားလာ၍ Contact ဝန်ထမ်းလူနာများ ထားရှိရန် အသစ်ဆောက်လုပ်နေဆဲ ပဲခူးမြို့ရှိ GTC ကျောင်းအား Quarantine Center အဖြစ် ထပ်မံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
GTC Quarantine Center တွင် အခန်းပေါင်း ၉၀ ကျော်ရှိပြီး လူဦးရေ ၃၀၀ ကျော် ထားရှိနိုင်မည် ဖြစ်ကာ ဒီဇင်ဘာ ၆ ရက်မှ စတင်၍ စက်ရုံဝန်ထမ်း Contact လူနာများ ထားရှိနေပြီဖြစ်ကာ စက်ရုံဝန်ထမ်း သီးသန့်ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ပဲခူးစက်မှုဇုန်တွင် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်ထားသော A အဆင့် စက်ရုံများကို လည်ပတ်ခွင့်ပြုထားပြီး စက်ရုံ ၇၂ ရုံ လည်ပတ်လျက်ရှိ၍ လက်ရှိ ဒီဇင်ဘာ ၇ ရက်အထိ စက်ရုံ ၂၉ ရုံမှ COVID-19 Positive လူနာ ၄၀ နီးပါး ကူးစက်ခံထားရကြောင်း သိရသည်။
“မနေ့က ၆ ရက်နေ့က စဖွင့်ပြီး Contact လူနာ ကိုးဦး စရောက်ပါတယ်။ အားလုံး စက်ရုံဝန်ထမ်း Contact လူနာ ၇၀ နီးပါလောက် ရှိပါပြီ။ ဒီနေ့ ၇ ရက်နေ့အထိ Positive လူနာ ၄၀ လောက်ရှိပါပြီ။ အယောက် ၃၅၀ ဆံ့ လုပ်ထားပါတယ်။ ကျွန်တော်တို့ စက်ရုံလုပ်သား တစ်ယောက်အတွက် ရန်ပုံငွေကျပ် ၂၀၀၀ ကောက်ပြီး Volunteer တွေချီးမြှင့်ဖို့ရယ် သူတို့ နေ့စဉ်အသုံးအဆောင် ပစ္စည်းတွေထားဖို့ လုပ်ဆောင်ထားပါတယ်”ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူ့စွမ်းအားအရင်းမြစ်နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက ပြောကြားသည်။
“ကျွန်တော်တို့ ပဲခူးစက်မှုဇုန်မှာက စက်ရုံ ၉၀ ကျော် ရှိပါတယ်။ စက်ရုံပေါင်း ၇၂ ရုံ A အဆင့် သတ်မှတ်ချက်ရလို့ လက်ရှိ လည်ပတ်နေပါတယ်။ ကူးစက်မှုတွေ များလာလို့ စက်ရုံဝန်ထမ်းသီးသန့် Quarantine Center ကို ထားရှိရခြင်းလည်း ဖြစ်ပါတယ်။ Q ဝင်နေရတဲ့ အလုပ်သမားတွေအတွက် စက်ရုံတွေကပဲ ကျခံရပါတယ်။ သူတို့အတွက် WiFi ဖရီး ပေးထားတယ်။ စောင်ခြင်ထောင် ခေါင်းအုံး ပေးထားပါတယ်”ဟု ပဲခူးစက်မှုဇုန်အတွင်းရေးမှူး ဦးဟိန်းထက်က ပြောကြားသည်။
ထို့ပြင် ပဲခူးမြို့နယ်တွင် လက်ရှိအချိန်ထိ COVID-19 ရောဂါ ကူးစက်ခံရသူ ၁၂၀၀ ခန့် ရှိနေပြီး ပဲခူးမြို့ရှိ ပြည်တွင်းပြည်ပ စက်မှုဇုန်များတွင် စက်ရုံပေါင်း ၉၀ ကျော်ရှိကာ စက်ရုံအလုပ်သမား တစ်သိန်းကျော်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
