ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း ၁၇၂၅ မှု ဖြစ်ပွားကာ လူ ၅၄၇ ဦး သေဆုံးခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၅၄၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၀၅၈ ဦး ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ ၅၄၇ ဦးတွင် အမျိုးသား ၄၅၂ ဦး၊ အမျိုးသမီး ၉၅ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူမှာ အမျိုးသား ၁၄၇၃ ဦး၊ အမျိုးသမီး ၅၈၅ ဦးရှိကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
ဇန်နဝါရီလတွင် ယာဉ်တိုက်မှု ၂၀၃ မှု ရှိခဲ့ပြီး သေဆုံးသူ ၆၂ ဦး၊ဖေဖော်ဝါရီလတွင်၂၀၄ မှုရှိပြီး သေဆုံးသူ ၇၃ ဦး၊ မတ်လတွင် ၁၈၀ မှုရှိပြီး သေဆုံးသူ ၅၂ ဦး၊ဧပြီလတွင် ၁၁၉ မှုရှိပြီး သေဆုံးသူ ၃၇ ဦး၊ မေလတွင် ၁၅၃ မှုရှိပြီး သေဆုံးသူ ၅၀၊ ဇွန်လတွင် ၁၈၆ မှုရှိပြီး သေဆုံးသူ ၄၇ ဦး၊ ဇူလိုင်လတွင် ၁၈၃ မှုရှိပြီး သေဆုံးသူ ၄၉ ဦး၊ သြဂုတ်လတွင် ၁၅၃ မှုရှိပြီး သေဆုံးသူ ၄၇ ဦး၊ စက်တင်ဘာလတွင် ၉၇ မှုရှိပြီး သေဆုံးသူ ၃၅ ဦး၊ အောက်တိုဘာလတွင် ၁၀၂ မှုရှိပြီး သေဆုံးသူ ၄၄ ဦး၊ နိုဝင်ဘာလတွင် ၁၄၅ မှုရှိပြီး သေဆုံးသူ ၅၁ ဦးရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် ၁၁ လအတွင်း အပြင်းထန်ဆုံး ယာဉ်တိုက်မှုမှာ ဇွန် ၂ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်ကြောင်းနှင့် ဇွန် ၂ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမကြီး၊ ဆင်မလိုက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘုရင့်နောင်လမ်းမကြီးအတိုင်း ကမာရွတ်မြို့နယ်ဘက်မှ ဘုရင့်နောင်ဘက်သို့ မောင်းနှင်လာသည့် YBS ၄၀ ခရီးသည်တင်ယာဉ်မှာ သီရိမင်္ဂလာစျေးဘက်မှ ဆင်မလိုက်ဘက်သို့ မောင်းနှင်လာသည့် အငှားယာဉ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
YBS ၄၀ ယာဉ်မှ Fielder အမျိုးအစား အငှားယာဉ်အား ဝင်တိုက်မိသဖြင့် အငှားယာဉ်ပေါ်မှ ယာဉ်မောင်းအမျိုးသား၊ နောက်ခန်းတွင် လိုက်ပါစီးနင်းလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၃၂၄ မှု ဖြစ်ပွားပြီး ၆၇၁ ဦး သေဆုံးကာ ၂၆၆၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
သုံးနှစ်တာ ကာလအတွင်း ၂၀၁၉ ခုနှစ်သည် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အရေအတွက် အများဆုံးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
