ဝန်ကြီးချုပ်အမည် အသုံးချပြီး လုပ်ပိုင်ခွင့်အာဏာ ဘောင်ကျော်ကာ အကျိုးအမြတ် ထုတ်နေသည့် လွှတ်တော်အမတ်အချို့ကို အရေးယူပေးရန်ဟုဆိုကာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှု ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုအောင်ချိုဦးက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဝန်ကြီးချုပ် အမည်နာမကို အသုံးချပြီး လုပ်ပိုင်ခွင့်အာဏာ ဘောင်ကျော်ပြီး ကိုယ်ကျိုး အမြတ်ထုတ်နေသည့် ပုဂ္ဂိုလ်များကို အရေးယူပေးပါ” စာသားပါ ကတ်တူစက္ကူပြား ကိုင်ဆောင်ကာ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
“ကိုအောင်ချိုဦးကို ကျောက်တံတားမြို့မရဲစခန်းက ဒုရဲအုပ်နဲ့ပြောပြီး အာမခံနဲ့ ထုတ်လိုက်ပါတယ်။ သူ့ကို ပုဒ်မ ၁၉နဲ့ တရားစွဲထားတယ်။ ရုံးချိန်းကို အကြောင်းကြားမယ်လို့ ပြောပါတယ်။ သူက ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ။ အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်အချို့က လုပ်ပိုင်ခွင့် ကျော်လွန်ပြီး လုပ်နေတာတွေကို မကျေနပ်တာပါ။ လုပ်ပိုင်ခွင့်ကျော်လွန်ပြီး ဥပမာ မြေကွက် ရောင်းစားတာတွေပေါ့။ အဲဒါတွေကြောင့် ဆန္ဒထုတ်ဖော်တာပါ”ဟု ဆန္ဒဖော်ထုတ်ရသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ကိုအောင်ချိုဦးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသူ ကိုအောင်မျိုးတင့်က ပြောကြားသည်။
တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှုမှာ သက်ဆိုင်ရာ ရဲစခန်းတွင် ခွင့်ပြုချက် မယူထားသည့်အတွက် ကျောက်တံတားမြို့နယ် ရဲစခန်းက ဆန္ဒဖော်ထုတ်သူ ကိုအောင်ချိုဦး ကို လာရောက်ဖမ်းဆီးခဲ့ပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း၊ လက်ရှိတွင် အာမခံပေးကာ ရုံးချိန်းကို ထပ်မံအကြောင်းကြားပေးမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
