အစိုးရက ဝက်ဘ်ဆိုက်ပေါင်း ၂၂၀၀ ကျော်ကို ပိတ်သိမ်းရင် အော်ပရေတာများကို ၁၃ ကြိမ်တိတိ ညွှန်ကြားခဲ့ကြောင်း သိရသည်။ တယ်လီနောမြန်မာ၏ ရေရှည် တည်တံ့သော စီးပွားရေး ဆောင်ရွက်ချက်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို (၇) ကြိမ်မြောက် အခမ်းအနား အွန်လိုင်းဗီဒီယို အစည်းအဝေးတွင် တယ်လီနောမြန်မာက တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရက ကန့်သတ်ထားသော ကဏ္ဍ ၅ ခုမှ ဝက်ဘ်ဆိုက်ပေါင်း ၂၂၀၀ ကျော်ကို ပိတ်သိမ်းရန် ၁၃ ကြိမ်တိတိ အော်ပရေတာများ၊ အင်တာနက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီများနှင့် International gateways များ ညွှန်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ကဏ္ဍများမှာ ညစ်ညမ်းရုပ်ရှင်များ၊ ကလေးသူငယ် ညှင်းပန်း နှိပ်စက်မှုများ၊ သတင်းမှားများနှင့် ကောလဟာလများ ဖြန့်ချိခြင်း၊ လောင်းကစားနှင့် ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများ အစရှိ သည့် ကဏ္ဍ ၅ ရပ်တို့ ဖြစ်သည်။
သုံးစွဲသူများသည် ပိတ်ပင်ထားပြီးဖြစ်သည့် ဝက်ဘ်ဆိုဒ်များ၏ လင့်ခ်များကို ဝင်ရောက်ကြည့်ရှုပါက အဆိုပါ ဝက်ဘ်ဆိုဒ်များကို မြန်မာအာဏာပိုင်များ ညွှန်ကြားချက်အရ ပိတ်သိမ်းထားခြင်း ဖြစ်သည်ဟု ဖော်ပြထားချက်ကို တွေ့ရှိမည်ဖြစ်ကြောင်း သိရသည်။
မတ်လအတွင်းကလည်း အစိုးရက အော်ပရေတာများကို ဝက်ဘ်ဆိုက် ၂၀၀၀ ကျော်နှင့် ဝက်ဘ်ဆိုက်အချို့ ပိတ်ရန် ညွှန်ကြားခဲ့ကြောင်း တယ်လီနော်မြန်မာက ထုတ်ပြန်ထားသည်။ ယင်းညွှန်ကြားချက်များသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ အပေါ် အခြေခံ၍ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
