အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ ၂၄၀၀၀၀ ကျော်အနက် ၈၂ ရာခိုင်နှုန်းကျော်ကို Lifelong ART ဆေးပေး ကုသနေပြီး မြို့နယ်ပေါင်း ၂၇၀ ကျော်တွင် ဆေးကုဌာနပေါင်း ၃၆၀ ကျော်အထိ တိုးချဲ့ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ ကူးစက်ခံရသူပေါင်း ၂၄၀၀၀၀ ကျော်အနက် ၂၀၁၆ ခုနှစ်အစတွင် လူနာ ၁၀၆၀၀၀ ကျော်ကိုသာ အေအာတီဆေး (Lifelong ART) ဆေးပေး ကုသမှုပေးနိုင်ခဲ့ရာမှ ယခုနှစ် စက်တင်ဘာ လတွင် ခန့်မှန်း အိပ်ချ်အိုင်ဗွီ ကူးစက်ခံရသူ အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့် ကုသပေးနိုင်ခဲ့ကြောင်း၊ အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ မြို့နယ် ၂၇၃ ခုတွင် အေအာတီဆေး ကုသရေးဌာန ၃၆၂ ခုအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အေအာတီဆေးကုသမှု လုပ်ငန်းများအား ပိုမိုလက်လှမ်းမီ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် မြန်မာနိုင်ငံအနေဖြင့် မိခင်မှ ကလေးသို့ အိပ်ချ်အိုင်ဗွီ ကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်းကို ယခုနှစ်တွင် ၃၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး ၉၉ ရာခိုင်နှုန်းအထိ လွှမ်းခြုံမှု ရရှိနေပြီဖြစ်ကြောင်း ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ရရှိသည့် အချက်အလက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ HIV ရောဂါပိုး အသစ်ကူးစက်ခံရမှု ၉၉၀၀ ကျော်ရှိခဲ့ပြီး အဆိုပါကူးစက်မှုများသည် ၂၀၁၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း HIV ပိုး ကူးစက်ခံနေရသူ ဦးရေ ၂၄၀၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း (HIV prevalence) မှာ သုည ဒသမ ၅၈ ရာခိုင်နှုန်းရှိကြောင်း (AIDS Epidemic Model) ဖြင့် ခန့်မှန်းတွက်ချက် သိရှိရပါကြောင်းနှင့် ခန့်မှန်းတွက်ချက်မှုများအရ မူးယစ်ဆေးထိုးသူများ၊ အမျိုးသမီး လိင်လုပ်သားများ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများ၊ အကျဉ်းကျသူနေသူများနှင့် ရွှေ့ပြောင်းလုပ်သားများ စသည့် HIV ရောဂါပိုး ကူးစက်ရန် အန္တရာယ်များသော ဦးစားပေး အုပ်စုများတွင် အဖြစ်များနေပြီး ဝန်ကြီးဌာန၏ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်အနေဖြင့် အဆိုပါ ဦးတည်အုပ်စုများကို အထူးဂရုပြုပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၂ ရက်က နေပြည်တော်၌ ပြုလုပ်သည့် COVID-19 ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေး ဆွေးနွေးပွဲမှရရှိသည့် အချက်အလက်အရ သိရသည်။
တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုများသည် COVID-19 ကပ်ရောဂါ အကြပ်အတည်းအပေါ် ရောက်ရှိနေစဉ် နှစ်စဉ် လူ ၁ ဒသမ ၇ သန်းခန့်သည် HIV ပိုး ကူးစက်ခံနေရ၍ မေ့လျော့မသွားရန် ဒီဇင်ဘာ ၁ ရက် World AIDS Day နေ့ အထိမ်းအမှတ်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုများသည် COVID-19 ကပ်ရောဂါ အကြပ်အတည်းအပေါ် ရောက်ရှိနေစဉ် နှစ်ပေါင်း ၄၀ နီးပါး ကျွနု်ပ်တို့နှင့်အတူ ရှိနေဆဲဖြစ်သော HIV ပိုးကြောင့် ဖြစ်ပေါ်လာသော ခုခံအားကျဆင်းမှု ကူးစက်ရောဂါကိုလည်း မေ့လျော့မသွားရန် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့က သတိပေးနေပါကြောင်း၊ HIV ပိုး ကူးစက်ခံရခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာသော ခုခံအားကျဆင်းသည့် ရောဂါလက္ခဏာစုကို ကိုင်တွယ်ထိန်းချုပ်ရာတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရှိနေသော်လည်း ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၁ ဒသမ ၇ သန်းခန့်သည် HIV ပိုး ဆက်လက် ကူးစက်ခံနေရပြီး ထိုရောဂါပိုးကြောင့် သေဆုံးသူဦးရေမှာ ၆၉၀၀၀၀ ခန့်ရှိကြောင်း၊ COVID-19 ကပ်ရောဂါသည် ကမ္ဘာပေါ်၌ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီရာတွင် မညီမျှခြင်းများ တည်ရှိနေသည်ကို ပိုမို သတိထားလာမိစေပြီး လူသားအားလုံး၏ လုံခြုံမှုသည် လူသားတစ်ဦး တစ်ယောက်ချင်းစီ၏ လုံခြုံမှုအပေါ် မူတည်နေကြောင်း၊ HIV ပိုး ကြောင့် ဖြစ်ပေါ်လာသော ခုခံအားကျဆင်းမှုကပ်ရောဂါကို တုံ့ပြန်သည့် နည်းဗျူဟာများကို COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင်လည်း ပြန်လည်အသုံးချရန် လိုအပ်ကြောင်း ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းခုခံအားကျဆင်းမှု ကပ်ရောဂါကို အဆုံးသတ်ရန်နှင့် COVID-19 ကပ်ရောဂါကို အနိုင်ယူရန်အတွက် ရောဂါပိုး ကူးစက်ခံရသူများအား ခွဲခြားနှိမ့်ချဆက်ဆံခြင်းကို ဖယ်ရှားရန်နှင့် ပြည်သူလူထု၊ လူ့အခွင့်အရေးနှင့် ကျားမရေးရာ တန်းတူညီမျှရေးတို့ကို အခြေပြုသည့် ချဉ်းကပ်မှုများကို လိုက်နာကျင့်သုံး ဆောင်ရွက်ရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
