၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆိုက်ရောက်မှု ရပ်ဆိုင်းထားသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ COVID-19 နှင့် ပတ်သက်သည့် အထူးလေယာဉ်များမှ နိုင်ငံခြားသား ၅၆၃ ဦး ဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ် ဝင်/ထွက်ပေါက်များမှ နိုင်ငံခြားသားများ ဝင်ရောက်မှု နှိုင်းယှဉ်ချက်အရ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်လေဆိပ်နှင့် ရေဆိပ်များမှ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ၇၀၁၉၇ ဦးရှိပြီး လုပ်ငန်းဗီဇာဖြင့် ခရီးသွား ဝင်ရောက်မှု ၁၇၆၉၇၀ ဦး၊ မန္တလေးလေဆိပ်မှ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ၃၇၇၃၆၈ ဦး ရှိပြီး လုပ်ငန်းဗီဇာဖြင့် ခရီးသွား ဝင်ရောက်မှု ၄၅၉၅ ဦးရှိကြောင်း သိရသည်။ နေပြည်တော်လေဆိပ်မှ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ၁၃၈၀ ဦးရှိပြီး လုပ်ငန်းဗီဇာဖြင့် ခရီးသွားဝင်ရောက်မှု ၃၄၄ ဦးရှိကြောင်း သိရသည်။
နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆိုက်ရောက်မှုအား ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ကာ ရပ်ဆိုင်းထားသဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုမရှိဘဲ COVID-19 နှင့် ပတ်သက်သည့် အထူးလေယာဉ်များမှ ဝင်ရောက်သည့် နိုင်ငံခြားသား ၅၆၃ ဦးသာ ရှိကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံတကာ လေကြောင်းလိုင်းများမှ ရရှိသည့်ဝင်ငွေ ယခင်နှစ်ထက် ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း၏ စီးပွားရေးကဏ္ဍများအပေါ် သက်ရောက်မှုစစ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ပြည်တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ၂၀၁၉ ခုနှစ် စစ်တမ်းအပေါ် အခြေခံပြီး တွက်ချက်မှုအရ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော နိုင်ငံတကာ လေကြောင်းလိုင်းများအနေဖြင့် ရရှိသည့် ဝင်ငွေမှာ ၂၀၁၉ ခုနှစ် (ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ) အမေရိကန်ဒေါ်လာ ၉၀၂ သန်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ခန့်မှန်း) အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၈၀၉ သန်းသာ ရရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 ရှိ ဆိုင်ခန်းများအားလုံး ပိတ်ထားရခြင်းကြောင့် ငှားရမ်းခ ကင်းလွတ်ခွင့် နှင့် လျှော့ချပေးခြင်းများ ပြုလုပ်နေရပြီး လေဆိပ်ဝန်ထမ်းများ၏ လစာကို လျှော့ချဖြတ်တောက်၍ ရေရှည်ရပ်တည်နိုင်ရန် ဆောင်ရွက်နေရကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲ ဝန်ဆောင်မှုပေးနေသည့် (YACL) ကုမ္ပဏီမှ သတင်းရရှိသည်။
COVID-19 ကပ်ရောဂါသည် YACL ထံသို့ ရန်ကုန်လေဆိပ်၏ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်အား စတင် လွှဲပြောင်းပေးခဲ့သည့် ၂၀၁၅ ခုနှစ်မှစ၍ ငါးနှစ်တာ ကာလအတွင်း နှစ်စဉ် လေကြောင်းခရီးသွား ပမာဏအား အနိမ့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
