ငပုတောမြို့နယ် ဆင်ကူးကြီးကျေးရွာတွင် ဒီဇင်ဘာ ၆ ရက် ညနေ ၃ နာရီခန့်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၉ လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ညနေ ၃ နာရီခန့်တွင် ဆင်ကူးကြီးကျေးရွာ ကမ်းနားဘက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ တစ်ဆင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး ဒေသခံများက ရေစုပ်စက်များဖြင့် ၀ိုင်းဝန်း ငြိှမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ကြောင်း၊ အနီးရှိ နေအိမ်များကို ဆက်လက် မီးမကူးစေရန်အတွက် ဖျက်ဆီးခဲ့ရသည်များလည်း ရှိကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ကြီးမားစွာရရှိသူများ မရှိခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၈ လုံးနှင့် စပါးဂိုထောင် လေးလုံးခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး အနီးဆုံးရှိ မီးသတ်စခန်းမှာ ဝေးကွာလှသောကြောင့် မီးသတ်ယာဉ်များ ရောက်ရှိမှု နောက်ကျခဲ့ရကြောင်း ကနဦးသတင်းများအရ သိရသည်။
“ဖြစ်တာက ညနေ ၃ နာရီလောက်က စတာ အနည်းငယ်နဲ့ စလောင်နေတာတော့ ကြာပြီ၊ မီးလောင်တဲ့နေရာက ကျွန်တော်တို့နဲ့ နီးတယ်၊ အောက်ဘက်မှာ လောင်နေတဲ့အချိန်မှာ ၃ နာရီ ၅ မိနစ်လောက် ဖြစ်နေပြီ။ စလောင်တဲ့အိမ်က ပြူးပြူးလို့လဲ ခေါ်တယ်။ လှိုင်ဝင်းအောင်လို့လည်း ခေါ်တယ်။ အဲဒီဆိုင်က စ လောင်တယ်။ ကုန်စုံဆိုင်ကနေ လောင်တာ၊ အခုလေးမှ ငြိမ်းသွားတာ (ညနေ ၆ နာရီခန့်) မီးခိုးငွေ့တွေကတော့ ရှိနေသေးတယ်။ အိမ်ခြေကတော့ ကျွန်တော်တို့ ရေတွက်ထားတာကတော့ ၁၉ လုံး ပါသွားတယ်။ အဓိကလောင် သွားတာက ၁၉ လုံး ပါသွားတယ်၊ နောက်ပြီးတော့ အနီးနားက မီးလောင်မှာ စိုးရိမ်လို့ အိမ်တွေကို ဖျက်ပစ်လိုက်ရတာ ရှိတယ်။ အဲဒီအိမ်တွေကို အိမ်ခေါင်က ဓနိတွေကို အကုန်လုံး ဖျက်ဆီးပစ်လိုက်ရတာ ရှိတယ်။ အဲဒါတွေကိုလည်း မီးလောင်တဲ့အထဲမှာ ပါလားဆိုတာတော့ မသိဘူး။ မီးလောင်ကျွမ်းသွားတာတော့ ၁၉ လုံး၊ စပါး ဂိုထောင်တွေရော ဆိုင်တွေ ငါးလုံးလောက် ရှိမယ်။ မီးသတ်ကားက နှစ်စင်းလာတယ်။ မီးသတ်ကားကလေ ကျုံကူးက လာရတော့ နောက်ကျတယ်။ ဝေးလည်း ဝေးတော့ မီးက အတော်ငြိမ်းတဲ့အခါကျမှာ ရောက်လာတယ်။ ဒါပေမဲ့ အခုထက်ထိ မီးကို ငြိှမ်းသတ်နေကြတယ်။ အခုထက်ထိ မပြီးသေးဘူး။ ကျေးရွာက ရေစက်တွေနဲ့လေ အကုန်လုံး လမ်းတွေကို ခွဲပြီးတော့ ရေစက်တွေနဲ့ မီးစက်တွေနဲ့ ရွာသားတွေက တစ်ရွာလုံးက မီးငြိမ်းလိုက်တာ။ အဲဒါမို့ ဒီလောက်တော်တာ၊ လူဦးရေစာရင်းကိုတော့ အတိအကျလေး ကောက်လို့မရသေးဘူး။ အခုကျောင်းသားတွေ စာရင်းတွေတော့ ကောက်နေပါတယ်။ ဘာကြောင့်လောင်လဲ ဆိုတာတော့ မသိသေးဘူး။ ဆိုင်က စလောင်တာဆိုတော့ မသိရသေးဘူး”ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသူ ဆင်ကူးကြီးကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဖြစ်သူ ဦးစံသိန်းက ပြောကြားသည်။
မီးလောင်ကျွမ်းသည့် နေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့ သွားရောက် စစ်ဆေး ကူညီနေလျက်ရှိကြောင်း ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
