ကလေးမြို့နယ် တောင်ပိုင်းဒေသ၏အသက်သွေးကြောဖြစ်သည့် နွားတောင်သည် မြစ်သာမြစ် အရှေ့ဘက်ကမ်းတွင်ရှိပြီး ကုမ္ပဏီတစ်ခုက ထုံးကျောက်ထုတ်လုပ်ရန် စမ်းသပ်တိုင်းထွာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေး လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားခဲ့ပြီး အဆိုပါ နွားတောင်ဒေသအနီးဝန်းကျင်တွင်နေထိုင်ကြသည့် ဒေသခံများက စီမံကိန်းကို လက်မခံနိုင်ကြောင်း လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာများသို့ ပေးပို့ကန့်ကွက်ထားကြောင်း သိရသည်။
“အဓိက သူတို့တူးဖော်ချင်တာက ထုံးကျောက်လို့ ပြောတာပေါ့ဗျာ။ နွားတောင်က ထုံးကျောက်တောင်လို ဖြစ်နေတာကိုး။ ဒါပေမဲ့ ဒီမှာက ရေနံတို့ ကျောက်မီးသွေးတို့လည်း ရှိတော့ ရသမျှအကုန်ယူမှာပေါ့ဗျာ။ ဒေသခံ တွေက မစိုးရိမ်လို့မရဘူးဗျ။ ဒီနွားတောင်က ကျွန်တော်တို့ ဒေသရဲ့ မိုးလေဝသကို အများကြီး ထိန်းသိမ်းထားတဲ့ တောင်လည်း ဖြစ်တယ်။ ပြီးတော့ နွားတောင်ရဲ့ဘေးမှာက နွားချောင်း ဆိုတာရှိတယ်။ ချောင်းနှစ်ချောင်းပေါင်းဆုံ ထားတဲ့ နွားချောင်းဆိုတာရှိတယ်။ နွားချောင်း အောက်ဘက်မှာ အဲဒီချောင်းကလာတဲ့ ရေတွေနဲ့ပဲ စိုက်ပျိုးရေးတွေ လုပ်ကြရတာကိုးဗျ။ နွားတောင်ကို စီမံကိန်းလုပ်လိုက်ပြီဆိုရင် ကျွန်တော်တို့ အသက်သွေးကြောဖြစ်တဲ့ ကျွန်တော်တို့ စားကျက်တွေအကုန်လုံးက ပျက်စီးသွားတော့မှာလေ။ အဲဒါကြောင့်မို့ ကျွန်တော် တို့ဒေသက နွားတောင်နဲ့ ပတ်သက်ရင် ဘယ်လိုမှ လက်ခံလို့မရဘူး။ ကျွန်တော်တို့ ဒေသခံ တွေက လုံးဝလက်မခံဘူး။ ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာပါ။ အစိုးရအနေနဲ့လည်း ကျွန်တော်တို့ ဒေသခံတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒေသခံတွေ လုပ် ကိုင်စားသောက်နေတဲ့ နေရာ၊ ကျွန်တော်တို့ ဒေသရဲ့ ရာသီဥတုကြီးကို ထိန်းသိမ်းထားတဲ့ တောင်တန်းကြီးဖြစ်တဲ့အတွက် အခုလို စီမံ ကိန်းမလုပ်ဖို့ကို အစိုးရကို ပြောချင်ပါတယ်” ဟု ကလေးမြို့နယ် ရေရှင်ကျေးရွာမှ ဦးစိန်မြို့ လွင်က ပြောကြားသည်။
အဆိုပါ စီမံကိန်းသည် ကလေးမြို့ရှိ တောင်တစ်ခုနှင့် နွားတောင်ဒေသတွင် မြေဧ ရိယာ ၃၃၂ ဧကရှိ လုပ်ကွက်နှင့် မြေဧရိယာ ၄၄၆၂ ဧက၊ စုစုပေါင်း ၄၇၉၄ ဧက ကို ထုံး ကျောက် (စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်း) စမ်းသပ်တိုင်းတာရေး နှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် မဟာအာရှစီးပွားရေး အုပ်စုကုမ္ပဏီလီမိတက် က လျှောက်ထားတင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ နွားတောင်ဒေသဝန်းကျင်တွင် ရေရှင်ရွာ၊ လယ်ခြားရွာ၊ ကုက္ကိုလ်ရွာ၊ အင်း ကျွန်း၊ ကျောက်ပြုတ်၊ နွားရွာ၊ ရှားတောရွာ၊ စသည့်ကျေးရွာများဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် ကြသည်ဟု သိရသည်။
“နွားတောင်စီမံကိန်းကိစ္စနဲ့ ပတ်သက် လို့က လွှတ်တော်ကိုယ်စားလှယ်တွေက ဘာမှ ကို မသိပါဘူး။ ဒါတွေနဲ့ပတ်သက်လို့ ပြည်သူတွေကနေပြီးတော့ နွားတောင်ဘက်ကို အဖွဲ့စုံ ဆင်းလာတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ စိတ်ပူ တယ်၊ စုံစမ်းပေးပါဦးဆိုလို့ ဖုန်းတွေ ဝင်လာမှ ပဲ ခရိုင်ထွေအုပ်လှမ်းမေးမှ နည်းနည်းသိရ တယ်။ ကုမ္ပဏီတစ်ခုက လျှောက်လာတာရှိလို့ ပြည်ထောင်စုကတစ်ဆင့် တိုင်းကနေစာ ဝင်ထားတာ ကြာပြီ ။ အခုမှပဲ မြေပြင်ကွင်း ဆင်းပြီးကြည့်ပြီး ဒီအခြေအနေကို အဆင့် ဆင့်ပြန်တင်ပေးမှာပါတဲ့။ စီမံကိန်းစဖို့တို့ လုပ် ဖို့တို့မဟုတ်ပါဘူးလို့ သိရပါတယ်။ ကိုယ်စား လှယ်တွေကို ဒီလိုလျှောက်ထားလာလို့ ဒီလို ကွင်းဆင်းဖို့ရှိတယ်ဆိုပြီး အသိပေးတာ မရှိပါဘူး။ ကျွန်မတို့ ဖြစ်စေချင်တာက ဘာသယံဇာတဖြစ်ဖြစ် စီမံကိန်းလို့ ပြောလိုက်ရင် ပြည် သူတွေက လက်ပံတောင်းတောင်စီမံကိန်းကို နမူနာကြည့်ပြီး ထိတ်လန့်နေတာပေါ့။ စီမံ ကိန်းဆိုရင် ဘယ်လိုစီမံကိန်းလဲ၊ နိုင်ငံနဲ့ ရပ်ရွာအတွက် ဘယ်လောက်အကျိုးရှိသလဲပေါ့။ ဒါမျိုးတွေက ပြည်သူတွေကို အရင်ချပြအသိ ပေးဖို့ပေါ့ ။ စမ်းသပ်ဖို့ပဲ ဖြစ်ဖြစ် တူးဖော်ဖို့ပဲ ဖြစ်ဖြစ်ပေါ့။ အဆင့်ဆင့်တိုင်းမှာ ပြည်သူတွေ ကို ချပြဖို့လိုအပ်ပါတယ်။ အဖွဲ့စုံဆင်းသွား တယ်။ မေးတော့လည်း ဘာမှမပြောကြဘူးလို့ ရပ်ရွာက ပြောပါတယ်။ ကျွန်မတို့ကလည်း ဘာမှမသိတော့ ပြည်သူတွေရဲ့ စိုးရိမ်မှုကိုဖြေ လျှော့ပေးမယ့် စကားလုံးမရှိဘူး။ တေ့တေ့ ဆိုင်ဆိုင်ကိုတော့ ကျွန်မတို့ က လွှတ်တော်က နေပဲ မေးခွန်းမေးသွားမှာပါ” ဟု ကလေးမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောကြားသည်။
အဆိုပါ နွားတောင်ပေါ်တွင် ဗုဒ္ဓဘာသာဝင်များ တည်ထားကိုးကွယ်နေသော စေတီပုထိုးများစွာရှိခြင်း၊ ဘုန်းတော်ကြီးကျောင်း များနှင့် ရဟန်းသံဃာတော်များ သာသနာပြု နေခြင်း၊ တရားဘာဝနာအားထုတ်ကျင့်ကြံ နေခြင်း၊ လေပူတွင်း၊ လေအေးတွင်းနှင့် သ ဘာဝဥမင်လိုဏ်များ ၊ ကျောက်ဆစ်ပန်းဆွဲ၊ ကျောက်ဆစ်မိုးမျှော်များ ရှိနေခြင်း ၊ သဘာဝ စိမ့်စမ်းရေများ ထွက်နေခြင်း၊ နွားတောင်မှစီး ဆင်းလာသော တောင်ကျချောင်းများသည် ရေရှင်အုပ်စုနှင့် ကုက္ကိုလ်အုပ်စုတို့မှ လယ်သ မားများက အားထားခြင်းများရှိပြီး စီမံကိန်း ရောက်ရှိလာပါက မလိုအပ်သောဓာတုပစ္စည်း စွန့်ပစ်ပစ္စည်းများ ရေထဲသို့ ရောက်ရှိလာခြင်း၊ တောင်သူလယ်သမားများ၏ ကောက်ပဲသီးနှံ များပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာနိုင်သည်ကို ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
