စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့မှုကြောင့် ယင်းရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်ဟုဆိုကာ ဆွမ္မရာ-လေ ရှီး-ရန်နွေး-ထမံသီ သွားလာရေးလမ်း ကြောင်းကို ယာယီပိတ်သွားမည်ဖြစ်ကြောင်း လေရှီးမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် လေရှီး မြို့နယ် ဆွမ္မရာမြို့မှ ဒီဇင်ဘာ ၂ ရက်က လေ ရှီး-ထမံသီ-ဟုမ္မလင်းကားလိုင်းပြေးဆွဲနေ သော ခရီးသည်တင်ကားများမှတစ်ဆင့် လိုက်ပါလာသည့် ခရီးသည်များကို ဟုမ္မလင်းမြို့ ဆေးရုံကြီး၌ ဒီဇင်ဘာ ၄ ရက်က RDT Test စစ်ဆေးခဲ့ကြောင်း ဆက်လက်သိရသည်။
ထိုသို့ စစ်ဆေးစဉ် ဆွမ္မရာမြို့အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သော အသက် ကိုးနှစ် နှင့် ၂၅ နှစ် အရွယ်ရှိ အမျိုးသမီးနှစ်ဦးထံမှ COVID-19 ရောဂါပိုး (Positive) အဖြေ ထွက်ရှိခဲ့ကြောင်း၊ ၎င်းပိုးတွေ့လူနာနှစ်ဦး၏ မိသားစုဝင်များအပါအဝင် ယာဉ်အတူ စီးနင်း လိုက်ပါလာခဲ့သော ခရီးသည်များကိုလည်း RDT Test စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပါသောကြောင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် COVID-19 ရောဂါပိုး ဆက်လက်ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် အချိန်မီကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ဆွမ္မရာ-လေရှီး-ရန်နွေး-ထမံသီ သွားလာရေးလမ်းကြောင်းကို (မော်တော် ကား၊ ဆိုင်ကယ်၊ ခြေကျင်) ယာယီပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ပေါင်း ၂၉ မြို့နယ်တို့တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သူ လူဦးရေ ၉၈၈ဦးရှိခဲ့ပြီး ယင်း ၉၈၈ ဦးအနက် ၇၀၃ ဦးမှာ သက်သာ ပျောက်ကင်းသွားသောကြောင့် သက်ဆိုင်ရာ ဆေးရုံများမှ ပြန်လည်ဆင်းခွင့်ရရှိသွားခဲ့ကြကြောင်း၊ ထို့အပြင် သေဆုံးသူနှစ်ဦးလည်း ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
