စစ်တောင်းတံတားမှတစ်ဆင့် မွန်ပြည်နယ်အတွင်း ဝင်ရောက်လာသူများ Quarantine ခုနစ်ရက်ဝင်ပြီး ကျန်းမာရေးစစ်ဆေးမှု နှစ်ကြိမ် ခံယူရမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
“မွန်ပြည်နယ်အတွင်းကို ရန်ကုန်က ဖြစ်ဖြစ်၊ တခြားပြည်နယ်၊ တိုင်းကဖြစ်ဖြစ်ဝင် ရောက်လာသူတွေအနေနဲ့အရင်ကတော့ Stay at Home မြို့နယ်က လာတယ်ဆိုရင် Quarantine ၁၄ ရက်၊ Stay at Home မြို့ နယ်ကမဟုတ်ရင် Quarantine ခုနစ်ရက် ဆိုပြီး သတ်မှတ်ထားပေမယ့် တစ်ပြည်နယ် လုံးအနေနဲ့ ၁၀ မြို့နယ်တည်းရှိတော့ Quarantine ခုနစ်ရက်ကို တစ်ပြေးညီသတ်မှတ်ပေးထားပါတယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာဝတ်မှုံ က ပြောကြားသည်။
အဆိုပါ Quarantine ခုနစ်ရက်အတွင်း ဆေးစစ်မှု နှစ်ကြိမ်ခံယူရမည်ဖြစ်ကြောင်း နှင့် ဆေးစစ်ချက်အဖြေ Negative ဖြစ်ပါက နေအိမ်သို့ပြန်ပြီး Home Quarantine ခုနစ်ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း ဒေါက်တာဝတ်မှုံက ဆိုသည်။
“ကိုယ့်ပြည်နယ်အတွင်းကို တကယ်လို အပ်လို့ပြန်လာတာမျိုးရှိမယ်။ ကိုယ့်ပြည်နယ် ကနေ အဝေးကိုရောက်နေလို့ ပြန်လာတာမျိုး တွေရှိမယ်။ ဘယ်လိုအကြောင်းနဲ့ပဲ ပြန်လာ ပါစေပေါ့။ ကူးသန်းသွားလာမှုတွေကို လွယ်ကူစေဖို့စီစဉ်ဆောင်ရွက်ပေးနေတဲ့အတွက် ကို Quarantineန ဝင်ကို ဝင်ရပါမယ်။ Quarantine မဝင်ဘဲနဲ့ ရှောင်ကြမယ်ဆိုရင် ရောဂါ ကူးစက်ပြန့်ပွားမှုက ပိုများလာနိုင်ပါတယ်” ဟု ဒေါက်တာဝတ်မှုံက ဆက်လက်ပြောကြားသည်။
ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော် ဝင်းကလည်း “ကျွန်တော်တို့ စစ်တောင်းတံတား ကျန်းမာရေးစစ်ဆေးဂိတ်မှာ အဖွဲ့ပေါင်းစုံနဲ့ပိတ်ဆို့ပြီးတော့ ကျန်းမာရေးစစ် ဆေးမှုတွေ၊ လုံခြုံရေးစစ်ဆေးမှုတွေ ဆောင် ရွက်နေပါတယ်။ အဓိကက ကျန်းမာရေးနဲ့ ပတ်သက်လို့ ရောဂါပိုးကူးစက်ခံထားရသူတွေ ကျွန်တော်တို့ကျိုက်ထိုမြို့တွင်း မဝင်လာစေ ရေးနဲ့ ဖြတ်ကျော်သွားခြင်း မရှိစေရေးအတွက် ကို စစ်တောင်းတံတားထိပ်မှာ ပိတ်ဆို့ဆောင် ရွက်နေပါတယ်” ဟု ပြောကြားသည်။
သို့သော်လည်း မွန်ပြည်နယ်အတွင်းသို့ ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းမရှိဘဲ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နေသူများရှိနေသည့် အတွက် ရောဂါကူးစက်ပိုမို ပျံ့နှံ့မည်ကို စိုးရိမ် မှုများ ရှိနေကြသည်။
မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး COVID-19 လူနာ စတင်တွေ့ရှိခဲ့သည့် ဧပြီ ၈ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ မွန်ပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ Positive လူနာစုစုပေါင်း ၁၇၅၄ ဦးအထိရှိပြီး ရောဂါသက်သာပျောက်ကင်းသွားသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ရသူ အရေအတွက်မှာ ၁၃၇၂ ဦးရှိကြောင်းနှင့် ဓာတ်ခွဲအတည်ပြု လူနာ ၁၃ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
