ဆန်၊ဆန်ကွဲ ပို့ကုန်တင်ပို့ပြီးပါက ပို့ ကုန်ရငွေများသည် မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏သတ်မှတ်ချိန်အတွင်း ပြည်တွင်းရှိ AD ဘဏ်စာရင်းသို့ ED နှင့်အညီ ပြန်လည် ဝင်ရောက်ရေးဆောင်ရွက်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF က တိုက်တွန်းထားသည်။
ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည့် ကုမ္ပ ဏီများအနေဖြင့် ပို့ကုန်လိုင်စင်လျှောက် ထားမှုကို တင်ပြ ဆောင်ရွက်ရာတွင် ပို့ကုန် တင်ပို့မည့် ပမာဏ၏ရာခိုင်နှုန်း ၅၀(အ နည်းဆုံး)အား သိုလှောင်ရုံတွင် ကြိုတင်စု ဆောင်းပြီး၊ ထိုသို့ စုဆောင်းထားရှိမှုကို စား သုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)နှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ပူးပေါင်းအဖွဲ့မှ Pre-License Cargo Inspection စစ်ဆေးမှုဖြင့် ပို့ကုန်လိုင်စင်ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်ဆောင်ရွက်လျက်ရှိသည်။
ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့ရာတွင် ကုန်ဝယ်သူ (Buyer)၏ လိုအပ်ချက်၊ ကုန်လက် ခံနိုင်ငံ၏ သတ်မှတ်စည်းကမ်းချက်များ၊အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာ လိုက်နာရမည့်အချက်များနှင့် လိုအပ်ချက်များ၊အရောင်းအဝယ်စာချုပ်ပါ နှစ်ဖက်သဘောတူညီချက်များ၊မြန်မာနိုင်ငံ၏သတ်မှတ် စည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်ထားသည်။
ဆန်စပါးစျေးကွက်စျေးနှုန်း တည်ငြိမ် မှုကို ဖော်ဆောင်နိုင်ရန်နှင့် သိုလှောင်စျေး ကစားမှုများကို ထိန်းကျောင်းနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာနှင့်အညီ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည့် (Exporter) ကုမ္ပဏီများအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ် ပုံတင်မှုကို ဆောင်ရွက်ထားရန်နှင့် လစဉ် လကုန်ပြီး (၇) ရက်အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ်စာရင်းကိုလည်း Myanmar Rice Online(MyRO၏ Online စနစ်တွင် မပျက်မကွက် စာရင်းသွင်းရန် သတ်မှတ်ထားချက်ကိုလည်း ထပ်မံ၍ အသိပေးနှိုးဆော်ထားသည်။
ပို့ကုန်တင်ပို့ပြီး ပို့ကုန်ဝင်ငွေများ သတ် မှတ်ချိန်အတွင်း ပြန်လည်ဝင်ရောက်ရေး သည် ပို့ကုန်ကုမ္ပဏီများ၏ အဓိကတာဝန် ဖြစ်သည်။ သို့ဖြစ်၍ ဆန်၊ ဆန်ကွဲ ပို့ကုန်တင် ပို့ပြီးပါက ပို့ကုန်ရငွေများသည် မြန်မာနိုင် ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချိန်အတွင်း ပြည်တွင်းရှိ AD ဘဏ်စာရင်းသို့ ED နှင့်အညီ ပြန်လည် ဝင်ရောက်ရေးကို အလေးအနက်ထား၍ ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ထားသည်။
ဆန်၊ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများ အ နေဖြင့် ပို့ကုန်လိုင်စင်တင်ပြလျှောက် ထား ရာတွင် အထက် ဖော်ပြပါ လိုအပ်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ် ပါကြောင်းနှင့် ပို့ကုန်တင်ပို့မှုအတွက် ကုန် ကြမ်းများကို ဝယ်ယူစုဆောင်းရာတွင် ကုမ္ပ ဏီတစ်ခုချင်းစီ၏ Export Plan နှင့် အဆို ပါ Export Plan နှင့် ကိုက်ညီသော ကုန် ကြမ်းဝယ်ယူစုဆောင်းမည့် Purchasing &Storage Planတို့ကို စနစ်တကျ ပြုစုတင် ပြရန်လိုအပ်ပါကြောင်း သိရှိလိုက်နာ ဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်ထား ပါသည်။ အသင်းဝင်ကုမ္ပဏီများ အနေဖြင့် မရှင်းလင်းသည်များရှိပါက အသင်းချုပ်ရုံး သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
