အောက်တိုဘာ ၁၅ ရက်က စတင်ဖွင့်လှစ်ရောင်းချသည့် တစ်ကြိမ်မြောက် အောင်ဘာလေအွန်လိုင်း ဂဏန်းငါးလုံးသိန်းဆုထီအား နိုဝင်ဘာ ၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ရောင်းရငွေအပေါ်မှ ရာခိုင်နှုန်း ၇၀ အား ဆုမဲအဖြစ် ခွဲဝေချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ တစ်ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်း ဂဏန်းငါးလုံးသိန်းဆုထီဖွင့်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အောင်ဘာလေအွန်လိုင်းဂဏန်းငါးလုံး သိန်းဆုထီလက်မှတ်များ၏ စုစုပေါင်းရောင်းရငွေအပေါ်မှ ၇၀ ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ထီဖွင့်ပွဲအား နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီအချိန်တွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအောင်ဘာလေအွန်လိုင်း ဂဏန်းငါးလုံးသိန်းဆုထီအား အောက်တိုဘာ ၁၅ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး တစ်လလျှင် နှစ်ကြိမ် ထီဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဘာလေအွန်လိုင်းထီ၏ ပုံစံသစ် ငါးလုံးထီတွင် Jackpot ဆုကြီးပါဝင်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် ဂဏန်းခြောက်လုံးထီမှ ငါးလုံးထီသို့ ကူးပြောင်းရန် ပြင်ဆင်နေသဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ လက်မှတ်အရောင်းပိတ်ထားကြောင်း အောင်ဘာလေအွန်လိုင်းထီက ကြေညာခဲ့သည်။
အောင်ဘာလေအွန်လိုင်းထီကို ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်ရောင်းချခဲ့ပြီး အက္ခရာတစ်လုံး၊ ဂဏန်း ခြောက်လုံး၊ ထီတစ်စောင် ကျပ် ၁၀၀၀၊ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀ ဖြင့်သာ တစ်လတစ်ကြိမ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
