မန္တလေးမြို့ရှိ ပရဟိတမင်းခေါင် အသင်းတာဝန်ရှိသူများကို PDF များနှင့် ဆက်သွယ်ဆောင်ရွက်မှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများ၏ ပြောကြားချက်အရသိရသည်။
ပရဟိတမင်းခေါင်အသင်း တာဝန်ရှိသူများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း NLD ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ နာရေးတွင်ကူညီခြင်းကြောင့်ဖမ်းဆီးခြင်းမဟုတ်ဘဲ PDF အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက" ပရဟိတမင်းခေါင်အသင်းတာဝန်ရှိတွေကို ဖမ်းဆီးစစ်ဆေးနေတယ် ဆိုတာဟုတ်ပါတယ် ။ ဖမ်းဆီးရမိတဲ့ကွင်းဆက်တရားခံတွေရဲ့ ထွက်ဆိုချက်အရ ဒီပရဟိတအသင်းက PDF တွေနဲ့ ဆက်နွယ်ဆောင်ရွက်နေမှုတွေရှိတယ်လို့ သိရတယ် ။ လတ်တလောစစ်ဆေးဆောင်ရွက်ချက်တွေအရ မသက်ဆိုင်တဲ့သူတွေကို ပြန်လွှတ်ပေးထားပါတယ်” ဟုပြောကြားသည်။
ဒေါက်တာဇော်မြင့်မောင်နာရေးတွင် ကူညီမှုကြောင့် ဖမ်းဆီးမည်ဆိုပါက အခြားပရဟိတအသင်းများကို ဖမ်းဆီးရမည်ဖြစ်သော်လည်း အခြားမည်သည့်အသင်းမှ ဖမ်းဆီးထားခြင်းမရှိဟု ၎င်းကဆိုသည်။
“ဒေါက်တာဇော်မြင့်မောင်နာရေးမှာ ပါဝင်ကူညီခဲ့လို့မဟုတ်ပါဘူး ။နာရေးမှာ တစ်ခြားပရဟိတအဖွဲ့တွေလည်း ပါဝင်ပေမယ့် သူတို့ကို ဖမ်းမှမဖမ်းတာ"ဟု လုံခြုံရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ပုသိမ်ကြီးမြို့နယ်ရှိ ပရဟိတမင်းခေါင် အသင်းအား ဒေါက်တာဇော်မြင့်မောင်နာရေးတွင် ပို့ဆောင်ကူညီခြင်း များအတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း Exile မီဒီယာအချို့တွင် သတင်းများဖော်ပြထားသည် ကိုတွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
