ဗီယက်နမ်နိုင်ငံတစ်ဝန်းတွင် အပူပိုင်းမုန်တိုင်း ထရာမီကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ကြုံတွေ့ခဲ့ပြီးနောက် နိုင်ငံအလယ်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လူငါးဦးသေဆုံးပြီး နေအိမ်ပေါင်းရာချီနှင့် ကောက်ပဲသီးနှံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်များကအောက် တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ထရာမီမုန်တိုင်းသည် ဖိလစ်ပိုင်တစ်ဝန်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးစေခဲ့ပြီးနောက် အောက်တိုဘာ၂၇ ရက်တွင် ဗီယက်နမ်အလယ်ပိုင်းသို့ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၂၄ ရက်က ဖိလစ်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် ထရာမီမုန်တိုင်းသည် ယခုနှစ် ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်သည့် လူသေဆုံးမှုများဖြစ်ပေါ်စေသော မုန်တိုင်းများတွင် အပါအဝင် ဖြစ်သည်။
ဥရောပသမဂ္ဂက ထရာမီမုန်တိုင်းတိုက်ခတ်ခံရသည့် ဖိလစ်ပိုင်နိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် ဒေါ်လာ ၁ ဒသမ ၅ သန်းကူညီပေးသွားမည်ဟု ဥရောပသမဂ္ဂ၏အကျပ်အတည်းစီမံခန့်ခွဲရေးမဟာမင်းကြီး ဂျန်းနက်ဇ်လီနာရီက ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုကို ဖြစ်ပေါ်စေပြီးမြစ်ရေလျှံခဲ့ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သည်။
ကွမ်ဘင်းပြည်နယ်တွင် လူငါးဦးသေဆုံးခဲ့ပြီး နောက်ထပ်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနကအောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်သည့်အွန်လိုင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ဝေးလံခေါင်သီသော ကျေးလက်ဒေသတစ်ဝန်းတွင် ရွှံရေများစီးဆင်းခဲ့သည်ဟုဆိုသည်။
နေအိမ် ၃၀၀ ကျော်နှင့် ကောက်ပဲသီးနှံ ဧက ၃၂၀၀ နီးပါး ပျက်စီးခဲ့သည်ဟုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လူမှုမီဒီယာတွင် ထုတ်ပြန်ထားသော ဓာတ်ပုံများ၌ ကွမ်ဘင်းပြည်နယ်၏ ဝေးလံခေါင်သီသော ဒေသများတွင် တစ်ထပ်နေအိမ်အချို့၏ ခေါင်မိုင်းအထိရေများရောက်ရှိ နေသည်ကို မြင်တွေ့ရကာ အခြားဒေသများတွင်ပင် ဒေသခံများသည် ညစ်ပေနေသော အဆောက်အအုံများကို ရှင်းလင်းရေးများလုပ်ဆောင်နေသည်ကို တွေ့ရသည်။
ယင်းဒေသရှိ ရေအမှတ်သည်တဖြေးဖြေးလျော့ကာလာသော်လည်း နေရာအများအပြား၌ပင် ဆက်လက်ရေကြီးလျက်ရှိသည်။
ဗီယက်နမ်တွင် အပူပိုင်းမုန်တိုင်းများတိုက်ခတ်လေ့ရှိသော်လည်း ယင်းမုန်တိုင်းများကြောင့် ရေကြီးရေလျှံမှုများနှင့်မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသည်။
သို့သော် ကျွမ်းကျင်သူများ၏ အဆိုအရ လူသားများကြောင့် ဖြစ်ပေါ်သောရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်သောမိုးလေဝသပုံစံများကို ပေါ်ပေါက်စေကာ ပိုမိုဖျက်အားပြင်းသော ရေကြီးရေလျှံမှုများကို ကြုံတွေ့ခံစားရနိုင်သည်။
စက်တင်ဘာလက ဗီယက်နမ်မြောက်ပိုင်းတွင် တိုင်ဖွန်းရာဂိကြောင့် လူ ၃၄၅ ဦး သေဆုံးပြီး ဒေါ်လာ ၃ ဒသမ ၃ ဘီလျံစီးပွားရေးထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့သည်။
ကျောက်ဖြစ်ရုပ်ကြွင်းများကို မီးရှို့မှုကြောင့် ပြောင်းလဲလာသော ရာသီဥတုအခြေအနေကြောင့် ကမ္ဘာကြီးသည် ပိုမိုပူနွေးလာပြီးမုန်တိုင်းများသည် ပိုမိုအင်အားပြင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။
ပိုမိုပူနွေးသော သမုဒ္ဒရာမျက်နှာပြင်များသည် ရေငွေ့များကို ပိုမိုထုတ်လွှင့်ပြီးယင်းသည် မုန်တိုင်းများအတွက် နောက်ထပ်စွမ်းအင်ကို ထောက်ပံ့ပေးကာ လေတိုက်နှုန်းကို ပိုမိုအင်အားပြင်းထန်လာစေသည်။
ပူနွေးသည့်လေထုသည် မုန်တိုင်းများအားရေများကို ပိုမိုထိန်းသိမ်းခွင့်ပြုထားသောကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကို ပိုမိုမြှင့်တင်ပေးသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
