ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု မြင့်တက်နေချိန်တွင် သြစတြီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က ၎င်းတို့၏ အပူဆုံးစံချိန်တင် စက်တင်ဘာလကို ကြုံတွေ့ခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာ့မြောက်ခြမ်းနွေရာသီတွင် ကမ္ဘာ့အပူချိန်များသည် စံချိန်တင်မြင့်တက်နေကြောင်း ဥရောပသမဂ္ဂရာသီဥတု စောင့်ကြည့်လေ့လာသူများက ယခုလအစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် ဥရောပတွင် ပုံမှန်မဟုတ်သော ပူပြင်းသောရာသီဥတုကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ပြင်သစ်နိုင်ငံတွင် ပျမ်းမျှ စက်တင်ဘာလအပူချိန်သည် ၁၉၉၁ခုနှစ်-၂၀၂ဝပြည့်နှစ် ရည်ညွှန်းကာလအထက် ၃ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယက်စ်နှင့် ၃ ဒသမ ၆ ဒီဂရီဆဲလ်စီး ယက်စ်ကြားဖြစ်သော ၂၁ ဒသမ ၅ ဒီဂရီဆဲလ် စီးယက်စ်ဝန်းကျင်ရှိလိမ့်မည်ဟု ပြင်သစ်မိုးလေဝသအာဏာပိုင်အဖွဲ့ Meteo-France က ပြောကြားခဲ့သည်။
ပြင်သစ်၏ ပျမ်းမျှအပူချိန်များသည် နှစ်နှစ်နီးပါး တစ်သမတ်တည်းရှိခဲ့သော စံနှုန်းများကို လစဉ်ကျော်လွန်ခဲ့သည်။
အိမ်နီးချင်းဂျာမနီနိုင်ငံတွင် နိုင်ငံတစ် ဝန်းလုံးဆိုင်ရာမှတ်တမ်းများစတင်ခဲ့ပြီး နောက် ယခုလသည် အပူဆုံးစက်တင်ဘာလ ဖြစ်ပြီး ၁၉၆၁-၁၉၉၀ အခြေခံအမှတ်ထက် အပူချိန် ၄ ဒီဂရီဆဲလ်စီးယက်စ် ပိုမိုမြင့်တက်နေသည်။
ပိုလန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလအပူချိန်သည် ပျမ်းမျှအပူချိန်ထက် ၃ ဒသမ ၆ ဒီဂရီဆဲလ်စီးယက်စ် ပိုမိုမြင့်တက်နေပြီး မှတ်တမ်းစတင်ကောက်ယူခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော် နောက်ပိုင်း အပူဆုံးလဖြစ်သည်ဟုဆိုသည်။
အလွန် ပူနွေးလာချိန်အတွင်းဆွစ်ဇာလန်ရေခဲမြစ်များသည် နှစ်နှစ်အတွင်း ၎င်းတို့ ထုထည်၏ ၁၀ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ကြောင်း လေ့လာတွေ့ရှိချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး နောက်တစ်ရက်အကြာတွင် သြစတြီးယားနှင့် ဆွစ်ဇာလန်နိုင်ငံ၏ အမျိုးသားမိုးလေဝသဌာနများက ၎င်းတို့၏အပူဆုံး စက်တင်ဘာလကို ကြုံတွေ့ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
စပိန်နှင့်ပေါ်တူဂီ အမျိုးသားမိုးလေဝသဌာနများကလည်း ပုံမှန်မဟုတ်သော ပူနွေးသည့်အပူချိန်များကို ယခုသီတင်းပတ်ကုန်တွင် ကြုံတွေ့ရမည်ဖြစ်ကြောင်း သတိပေးမှုနှင့်အတူ စပိန်နိုင်ငံတောင်ပိုင်းရှိ နေရာအများအပြားတွင် စက်တင်ဘာ ၂၉ ရက်၌အပူချိန်သည် ၃၅ ဒီဂရီဆဲလ်စီးယက်စ်အထက်တွင် ရှိခဲ့သည်။
ကမ္ဘာကြီးသည် စက်မှုခေတ်မတိုင်မီအဆင့်များထက်အပူချိန် ၁ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယက်စ်ဝန်းကျင် မြင့်တက်လာခဲ့ခြင်းနှင့်အတူလူသားများ၏ လုပ်ဆောင်မှုကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် ကမ္ဘာ့အပူချိန်ကို ပိုမိုမြင့်တက်လာစေသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၏ စက်တင်ဘာလသည် လူသားသမိုင်းတွင် အပူဆုံးနှစ်ဖြစ်ဖွယ်ရှိသည်ဟု ဥရောပသမဂ္ဂ၏ Copernicus Climate Change အဖွဲ့က ယခုလအစောပိုင်းတွင် အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။
အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်ပိုမိုမြင့်တက်လာဖွယ်ရှိပြီး ကမ္ဘာကြီး၏ ရာသီဥတုစနစ်များအပေါ် အနှောင့်အယှက် ဖြစ်ပေါ်ခြင်းသည် အပူလှိုင်းများ၊ မိုးခေါင်မှု၊ တောမီးများနှင့် မုန်တိုင်းများကဲ့သို့ ဆိုးရွားသောရာသီဥတုဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်ကာ ပိုမိုပြင်းထန်လာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
