ဖိလစ်ပိုင်အနေဖြင့် မိမိပိုင်နက်နယ်မြေ နှင့် ငါးဖမ်းသမားများ၏ အခွင့်အရေးများကို အခိုင်အမာ ကာကွယ်သွားမည်ဟု သမ္မတဖာ ဒီနန်မားကို့စ်ဂျူနီယာက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
မဟာဗျူဟာအရ အရေးပါသော တောင် တရုတ်ပင်လယ်ရှိ သောင်ခုံတစ်ခုဆီသို့ ဝင်ရောက်ခွင့်နှင့်ပတ်သက်၍ တရုတ်နှင့် အငြင်းပွားမှုများ တအုံနွေးနွေး ဖြစ်ပေါ်နေစဉ် သမ္မတ မားကို့စ်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပိုင်နက်အငြင်းပွားမှု မြင့်တက်နေသော Scarborough သောင်ခုံဆီသို့ ဝင်ရောက်နိုင်ခြင်းမရှိစေရန် တရုတ်ကတည်ဆောက်ထားသည့် ၃၀၀ မီတာရှိ ရေပေါ်အတားအဆီးကို ဖယ်ရှားလိုက်ကြောင်း ယခုသီတင်းပတ်တွင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပြောကြားခဲ့သည်။ ယင်းဧရိယာကို တရုတ်က ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ်ထားခဲ့သည်။
လတ်တလော တင်းမာမှု မြင့်တက်နေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပထမဆုံးပြောကြားခဲ့သည့် မားကို့စ်၏မှတ်ချက်စကားတွင် ဖိလစ်ပိုင်အနေဖြင့် မိမိ၏အထူးစီးပွားရေးဇုန် ငါးဖမ်းပိုင်ခွင့်ကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ လုပ်ဆောင်ရမှာက ဖိလစ်ပိုင်နိုင်ငံ၊ ဖိလစ်ပိုင်ရဲ့ ပင်လယ်ရေကြောင်း ပိုင်နက်နယ်မြေနဲ့ နှစ်ပေါင်းရာချီပြီး ငါးဖမ်းခဲ့တဲ့ နေရာတွေမှာ ငါးဖမ်းပိုင်ခွင့်တို့ကို ဆက်လက်ကာကွယ်ဖို့ပဲဖြစ်တယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
အဘယ်အတွက်ကြောင့် ယခုကဲ့သို့ ပြဿနာ ဖြစ်ပွားရသည်ကို မိမိနားမလည်နိုင်ကြောင်း ပိုင်နက်အငြင်းပွား Scarborough သောင်ခုံဆီသို့ သွားရောက်ခွင့်နှင့်ပတ်သက်၍ တရုတ်နှင့် ကတောက်ကဆတ် ဖြစ်ပွားနေမှုကို ရည်ညွှန်းပြောဆိုခဲ့သည်။
တရုတ်ကမ်းခြေစောင့်တပ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်တို့အကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီး အမေရိကန်က မဟာမိတ်ဖိလစ်ပိုင်ကို ကျောထောက်နောက်ခံပေးထားသည်။
ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမည်ဆိုပါက အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် မဟာမိတ် ဖိလစ်ပိုင်ကို အကာအကွယ်ပေးရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက သတိပေးခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်က တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင် ကင်းလှည့်ရေယာဉ်တစ်စင်းကို တရုတ်ကမ်း ခြေစောင့်တပ်သင်္ဘောက စစ်ဘက်သုံး လေဆာရောင်ခြည်ဖြင့် ထိုးခဲ့သည်ဟု ဖိလစ်ပိုင်က ပြောကြားခဲ့ပြီးနောက်တွင် အမေရိကန်က ယင်းသို့သတိပေးခဲ့ခြင်း ဖြစ်သည်။
လေ့ကျင့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအတွက်ဟု အကြောင်းပြကာ အမေရိကန်တပ်ဖွဲ့ဝင်များ အသုံးပြုနိုင်သည့် ဖိလစ်ပိုင်စစ်အခြေစိုက်စခန်း အရေအတွက်ကို တိုးမြှင့်မှုအပါအဝင် အမေရိကန်နှင့်ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာ ဖော်ဆောင်လာခဲ့ခြင်းကြောင့် ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား ဆက်ဆံရေးယိုယွင်းလာခဲ့သည်။ Scarborough သောင်ခုံသည် မိမိပိုင်နက်ထဲတွင်ရှိသည်ဟုဆိုသည့် တရုတ်က အမေရိကန်သည် ဒေသတွင်း၌ ရန်စမှုများ လုပ်ဆောင်နေသည်ဟု ဝေဖန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
