တရုတ်သည် ကမ္ဘာ့ထိပ်သီးအင်အားကြီးနိုင်ငံအဖြစ် အမေရိကန် ကျော်တက်ရန်ကြိုးပမ်းနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်သည် အမေရိကန်၏ ရေရှည်ထိပ်သီးစိန်ခေါ်မှုဖြစ်သည်ဟု အမေရိကန်သမ္မတ အစဉ်အဆက်က ပြောကြားခဲ့သော်လည်း အမေရိကန် လေ့လာစောင့်ကြည့်သူများကမူ တရုတ်၏ ရည်မှန်းချက်သည် ကမ္ဘာ လုံးဆိုင်ရာ အခန်းကဏ္ဍထက် အာရှတွင် အမေရိကန်၏ အခန်းကဏ္ဍကို လျှော့ချရန် ပို မိုအာရုံစိုက်လုပ်ဆောင်ခဲ့သည်ဟု ရှုမြင်ခဲ့ကြသည်။
“တရုတ်ဟာ ကမ္ဘာပေါ်မှာ စစ်ရေး၊ စီးပွားရေးနဲ့ သံတမန်ရေးတွေမှာ လွှမ်းမိုးမှုရှိတဲ့ အင်အားကြီးနိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ တရုတ် သမ္မတ ရှီကျင်းပင် ကြိုးပမ်းနေတာအဲဒါပါပဲ”ဟု ဘ လင်ကင်က ပြောကြားခဲ့သည်။
“စဉ်းစားဆင်ခြင်ကြည့်ရမယ်ဆိုရင် ဒါဟာ အံ့သြစရာတော့မဟုတ်ပါဘူး။ တရုတ်ရဲ့ သာမန်ထက်လွန်ကဲ့တဲ့ သမိုင်းတစ်ခုဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင်တွေပြောတာတွေကို နားထောင်ကြည့်မယ်ဆိုရင် သူတို့ဟာ ကမ္ဘာပေါ်မှာ သူတို့ယုံကြည်ထားတဲ့ သူတို့ရဲ့ မှန်ကန်တဲ့နေရာကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ဘလင်ကင်က The Atlantic မဂ္ဂဇင်းက စီစဉ်ကျင်းပသည့် ပွဲအခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။
တရုတ်သည် နိုင်ငံတကာအခင်းအကျင်းကို ပြန်လည်ပုံဖော်လိုသည့် ရည်မှန်းချက်နှင့် ပတ်သက်ပြီး ဘလင်ကင်သည် ယခင်က သွယ်ဝိုက်သည့် အဓိပ္ပာယ်များဖြင့် ပြောကြားခဲ့ဖူးသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့ကမူ တရုတ်ကို သေချာစောင့်ကြည့်နေပြီး ဖိအားများ တိုးမြှင့်နေကြောင်း ပြောကြားခဲ့ပြီး တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုများကို စီမံဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးမှုများကို တိုးမြှင့်ပြုလုပ်ခဲ့ကာ ဇွန်လကလည်း ဘလင်ကင်သည် ရှားပါးခရီးစဉ်အဖြစ် ပေကျင်းသို့ သွားရောက်ခဲ့သည်။
သို့သော် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဆက်ဆံရေးများ တင်းမာနေဆဲဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏နယ်နိ မိတ်တစ်ခုအဖြစ်ကြေညာထားပြီး ထိုင်ဝမ်ကျွန်းအနီးတွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့သည်။
ထိုင်ဝမ်သည် ခေတ်မီတစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်သည့် ဗဟိုချက်ဖြစ်မှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေသဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး လောင်း ကြေးသည် အလွန်မြင့်မားသည်ဟု ဘလင်ကင်က ပြောကြားခဲ့သည်။
ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ်၏ လုပ်ဆောင်မှုများကြောင့် ပဋိပက္ခဖြစ်ပွားခဲ့မည်ဆိုပါက ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ပေါ်ပေါက်လာနိုင်ကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများက တရုတ်ကို တိုက်တွန်းနေကြောင်း၊ မိမိတို့အပါအဝင် လူသားအားလုံးသည် တည်ရှိဆဲအခြေအနေကို ထိန်း သိမ်းထားလိုကြောင်းနှင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အလိုရှိကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
