အဇာဘိုင်ဂျန်စစ်တပ်က နာဂေါ်နို-ကာရာဘက်ဒေသကို ပြင်းထန်လျင်မြန်သည့် ထိုးစစ်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ထိုဒေသကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံ အာမေးနီးယားခွဲထွက်ဝါဒီများက ၎င်းတို့၏ အစိုးရအဖွဲ့ကို ယခုနှစ်ကုန်တွင် ဖျက်သိမ်းရန် စက်တင်ဘာ ၂၈ ရက်တွင် သဘောတူခဲ့သည်။
အဇာဘိုင်ဂျန်တပ်ဖွဲ့များ ဝင်ရောက်လာမှုကြောင့် ကာရာဘက်ဒေသတွင်နေထိုင်သည့် အာမေးနီးယားလူမျိုးများထဲမှ ထက်ဝက်ကျော်သည် ထိုဒေသမှ ထွက်ခွာနေချိန်တွင် ခွဲထွက်ဝါဒီအာဏာပိုင်များ၏ အံအားသင့်ဖွယ် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဇာဘိုင်ဂျန်နှင့် အာမေးနီးယားစစ်ပွဲသည် ကမ္ဘာပေါ်တွင် စေ့စပ်ညှိနှိုင်း၍ မရနိုင်ဆုံး ပဋိပက္ခတစ်ခုဖြစ်ခဲ့ပြီး အမေရိကန်နှင့် ဥရောပခေါင်းဆောင်များသည်လည်း ထိုပဋိပက္ခကို ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်။
ထို့ပြင် အဇာဘိုင်ဂျန်စစ်တပ်၏ ထိုးစစ်ဆင်တိုက် ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး အာမေးနီးယားနိုင်ငံက ဒေါသတကြီး ဝေဖန်ခဲ့သည်။
အဇာဘိုင်ဂျန်သည် လူမျိုးတုံးသတ်ဖြတ်မှုများ ပြုလုပ်နေသည်ဟု အာမေနီးယား ဝန်ကြီးချုပ်နစ်ကိုးလ် ပါရှင်ယန်က စွပ်စွဲခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရေးယူလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
အာမေးနီးယားခွဲထွက်ဝါဒီများက လက်နက်ချရန် ကတိပြုခဲ့ပြီး ကာရာဘက်ဒေသကို အဇာဘိုင်ဂျန်နှင့် ပြန်လညပေါင်းစည်းရေး ဆွေးနွေးမှုများပြုလုပ်မည်ဟု ပြောကြားခဲ့မှုနှင့်အတူ အဇာဘိုင်ဂျန်၏ ၂၄ နာရီကြာ ထိုး စစ်သည် စက်တင်ဘာ ၂၀ ရက်တွင် အဆုံးသတ်ခဲ့သည်။
ထို့နောက် ဆွေးနွေးမှုများကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အဇာဘိုင်ဂျန်တပ်ဖွဲ့များသည် ရု ရှားငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များနှင့်အတူ အာမေးနီးယားခွဲထွက်ဝါဒီများထံမှ လက်နက်များကို သိမ်းဆည်းခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစပြီး ကာရာဘက်ဒေသ၏ ဌာနဆိုင်ရာဖွဲ့စည်းမှု အောက်တွင်ရှိသည့် အင်စတီကျူးရှင်းများ နှင့် အဖွဲ့အစည်းများအားလုံးကို ဖျက်သိမ်း မည်ဖြစ်ပြီး နာဂေါ်နို-ကာရာဘက်သမ္မတ နိုင်ငံ(အတ်ဆက်ခ်)တည်ရှိမှုကို ရပ်ဆိုင်းကြောင်း ခွဲထွက်ခေါင်းဆောင် ဆမ်ဗယ်ရှာခါရာမန်ယန်က အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ကာရာဘက်ဒေသရှိ အာမေးနီးယားလူမျိုးများသည် အာမေးနီးယားနိုင်ငံသို့ ပြောင်းရွှေ့ထွက်ခွာနေကြသည်။
စက်တင်ဘာ ၂၈ ရက်ညပိုင်းအထိ ကာရာဘက်ဒေသတွင်နေထိုင်ခဲ့သည့် အာမေးနီးယားလူမျိုး ၁၂၀၀၀၀ အနက် ၇၈၀၀၀ ကျော်သည် အာမေးနီးယားသို့ ရောက်ရှိလာခဲ့သည်ဟု အာမေးနီးယားအာဏာပိုင်များက ပြော ကြားခဲ့သည်။
လာမည့်ရက်ပိုင်းအတွင်း ကာရာဘက်ဒေသမှ အာမေးနီးယားလူမျိုးအားလုံးသည် အာမေးနီးယားသို့ ရွှေ့ပြောင်းလာဖွယ်ရှိသည်ဟု အာမေးနီးယားဝန်ကြီးချုပ် ပါရှင်ယန်က ပြောကြားခဲ့သည်။
“နာဂေါ်နို-ကာရာဘက်ဒေသက အာမေးနီးယားလူမျိုးအများအပြားဟာ အဲဒီဒေသကနေ ထွက်ခွာနေကြပါ တယ်။ ကျွန်တော်တို့ရဲ့ လေ့လာချက်တွေအရ ရက်ပိုင်းအတွင်း နာဂေါ်နို-ကာရာဘက်ဒေသမှ အာမေးနီး ယားလူမျိုးတွေရှိတော့မှာ မဟုတ်ပါဘူူး။အဲဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးခဲ့တာ ကြာပြီဖြစ်ပါတယ်”ဟု ပါရှင်ယန်က အာမေးနီးယားအစိုးရအဖွဲ့ကို ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ကာရာဘက်ဒေသရှိ အာမေးနီးယားလူမျိုးများသည် ၎င်းတို့သဘောဆန္ဒအလျောက် ထွက်ခွာနေကြခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
