၂၀၂၃ ခုနှစ်အတွင်းတွင်မြေထဲပင် လယ်ကိုဖြတ်၍ ဥရောပကိုသွားရန် ကြိုးစားစဉ် ရွှေ့ပြောင်း ၂,၅၀၀ ကျော်သည် သေဆုံးသွားသည် သို့မဟုတ် ပျောက်ဆုံးသွားသည်ဟု စက်တင်ဘာ ၂၈ ရက်တွင် ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ၏ တာဝန်ရှိသူက ပြောကြားသည်။
“၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့အထိ လူ ၂,၅၀၀ ကျော်ဟာ သေဆုံးတယ် ဒါမှမဟုတ်ပျောက်ဆုံးနေပါတယ်”ဟု UNHCR နယူးယောက်ရုံးဒါရိုက်တာရူဗင် မီနစ်ဒီဝီလာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောကြားသည်။
ယခုအရေအတွက်သည် ၂၀၂၂ ခုနှစ် အလားတူကာလတွင် သေဆုံးသို့မဟုတ် ပျောက်ဆုံးသွားသော ရွှေ့ပြောင်း ၁,၆၈၀ ထက် ပိုများနေသည်ဟု ဆိုသည်။
“လူ့အသက်တွေဟာ အများပြည်သူ အာရုံစိုက်မခံရတဲ့ အဝေးတစ်နေရာက နယ်မြေမှာလည်း ဆုံးရှုံးနေကြပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ရွှေ့ပြောင်းအများစု လာရောက်ရာနေရာဖြစ်သည့် ဆဟာရတိုက်ခွဲဒေသနိုင်ငံများမှ လာသောကုန်းလမ်းခရီးသည် တူနီးရှားနှင့် လစ်ဗျားကမ်းရိုးတန်းများပေါ်ရှိနေရာများမှဖြစ်ရာ ယင်းနေရာများသည် ကမ္ဘာ့အန္တရာယ် အများဆုံးနေရာများဖြစ်သည်ဟု ၎င်းက ပြောသည်။
ရွှေ့ပြောင်းများနှင့် ဒုက္ခသည်များသည် အဆင့်တိုင်းတွင် သေဆုံးမှုနှင့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု အန္တရာယ်ရှိနေသည်ဟု ဆိုသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ ၂၄ ရက်အထိ ဥရောပတောင်ပိုင်းကို ရေကြောင်းခရီးဖြင့် စုစုပေါင်း ၁၈၆,၀၀၀ ဦး ရောက်လာပြီ ၎င်းတို့သည် အီတလီ၊ ဂရိ၊ စပိန်၊ ဆိုက်ပရက်စ်၊ မောလ်တာတို့ကို ရောက် လာကြသည်ဟု ရူဗင်မီနစ်ဒီဝီလာက ပြောကြားခဲ့သည်။
လူအများစုဖြစ်သည့် လူ ၁၃၀,၀၀၀ ကျော်သည် အီတလီနိုင်ငံကို ရောက်ရှိလာသည်။ ထို့ကြောင့် အီတလီကို ရောက်လာသူ အရေအတွက်သည် ၂၀၂၂ ခုနှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၈၃ ရာခိုင်နှုန်းမြင့် တက်လာသည်။
ထွက်ခွာရာနေရာများအဖြစ် ၂၀၂၃ ခု နှစ် ဇန်နဝါရီနှင့်သြဂုတ်လအတွင်းတွင် တူနီးရှားမှ တစ်ဆင့် မြေထဲပင်လယ်ကို ဖြတ်သန်းရန်ကြိုးစားသော ဒုက္ခသည်နှင့် ရွှေ့ပြောင်းအရေအတွက်သည် ၁၀၂,၀၀၀ ဦးနှင့် လစ်ဗျားမှ ၄၅,၀၀၀ ရှိသည်ဟု ခန့်မှန်းထားသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
