အဇာဘိုင်ဂျန်နိုင်ငံသည် နာဂေါ်နို-ကာရာဘက်ဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ဆောင်နေကြောင်း အာမေးနီးယား ဝန်ကြီးချုပ် နစ်ကိုးလ် ပါရှင်ယန်က စက်တင်ဘာ ၂၈ ရက်တွင် စွပ်စွဲခဲ့ပြီး ထိုအငြင်းပွားဖွယ်ဒေ သမှ အာမေးနီးယားလူမျိုးများအားလုံး ရက်ပိုင်းအတွင်း အာမေးနီးယားသို့ ထွက်ပြေး တိမ်းရှောင်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
“နာဂေါ်နို-ကာရာဘက်ဒေသက အာမေးနီးယားလူမျိုးအများအပြားဟာ အဲဒီဒေသကနေ ထွက်ခွာနေကြပါ တယ်။ ကျွန်တော်တို့ရဲ့ လေ့လာချက်တွေအရ ရက်ပိုင်းအတွင်း နာဂေါ်နို-ကာရာဘက်ဒေသမှ အာမေးနီး ယားလူမျိုးတွေ ရှိတော့မှာ မဟုတ်ပါဘူူး။အဲဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးခဲ့တာ ကြာပြီဖြစ်ပါတယ်”ဟု ပါရှင်ယန်က အာမေးနီးယားအစိုးရအဖွဲ့ကို ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က အဇာဘိုင်ဂျန်စစ်တပ်သည် ကာရာဘက်ဒေသရှိ ခွဲထွက်ဝါဒီ အာမေးနီးယားလက်နက်ကိုင်များကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုဒေသကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အာမေးနီးယားလူမျိုးများသည် အာမေးနီးယားနိုင်ငံသို့ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ နာဂေါ်နို-ကာရာဘက်ဒေသမှ အာမေးနီးယားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အာမေးနီးယားလူမျိုး ၆၅၀၀၀ ကျော် ရှိခဲ့သည်ဟု အာမေးနီးယားအစိုးရက ထုတ် ပြန်ခဲ့သည်။
“စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းအထိ နာဂေါ်နို-ကာရာဘက် ဒေသကနေ အာမေးနီးယားနိုင်ငံထဲ ဖြတ်သန်းဝင်ရောက်လာတဲ့ အိမ်ပစ်ရာပစ်ပြေးခဲ့ရသူပေါင်း ၆၅၀၃၆ ဦး ရှိခဲ့ပါတယ်”ဟု အာမေးနီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ နာဇီလီ ဘက်ဒါဆာယန်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန်၏ ထိုးစစ်မတိုင်မီက ထိုဒေသတွင် နေထိုင်သည့် အာမေးနီးယားလူမျိုးစု ၁၂၀၀၀၀ ခန့်ရှိခဲ့သည်ဟု ခန့်မှန်းရသည်။
“အာမေးနီးယားတွင် နေစရာအတွက် ကြိုတင်စီစဉ်ထားခြင်းမရှိသူများကို အစိုးရက သင့်တော်သည့် နေရာများ ထောက်ပံ့ပေးသွားမည်ဟုလည်း နာဇီလီက ပြောကြားခဲ့သည်။ ခွဲထွက်ဝါဒီ အာမေးနီးယားလက်နက် ကိုင်များက လက်နက်ချရန်နှင့် ၎င်းင်းတို့တပ်ဖွဲ့ကို ဖျက်သိမ်းရန် သဘောတူခဲ့ပြီးနောက် လေးရက်အကြာဖြစ်သည့် စက်တင်ဘာ ၂၄ ရက်တွင် အဇာဘိုင်ဂျန်သည် နာဂေါ်နို-ကာ ရာဘက်ဒေသနှင့် အာမေးနီးယားအကြား ဆက်သွယ်ထားသည့် လာချင် စင်္ကြံကို ပြန်ဖွင့်ပေးခဲ့သည်။ ထိုလာချင်စင်္ကြံကို ရုရှားငြိမ်းချမ်း ရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်ပေးခဲ့သည်။
အာမေးနီးယားလူမျိုးများ နေထိုင်သည့် ကာရာဘက်ဒေသကို အဇာဘိုင်ဂျန်အစိုးရက ပြန်လည်ထိန်းချုပ်ခဲ့မှုကြောင့် ထိုဒေသမှ အာမေးနီးယားလူမျိုးအများအပြား ထွက်ခွာရသည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။
နာဂေါ်နို-ကာရာဘတ်ဒေသသည် ဆို ဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ကော့ကေးဆပ်ဒေသ ရန်ဘက်များဖြစ်သည့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့အကြား ဆယ်စုနှစ်သုံးခုကျော်ကြာ ပဋိပက္ခဖြစ်ပွားခဲ့သည့် အဓိက အကြောင်းအရင်းဖြစ်ခဲ့သည်။
နာဂေါ်နိုင် ကာရာဘက်ဒေသကို အဇာဘိုင်ဂျန်၏ နယ်မြေအဖြစ် နိုင်ငံတကာက အ သိအမှတ်ပြုထားသော်လည်း ထိုဒေသပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အဇာဘိုင်ဂျန်နှင့် အာမေးနီးယားအကြား စစ်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
