စစ်အေးအသစ်တွင် အမေရိကန်နှင့်ထိပ်တိုက်တွေ့သည့် ညွန့်ပေါင်းနိုင်ငံများထဲတွင် မြောက်ကိုရီးယားအနေဖြင့် ကြီးမားသည့် အခန်းကဏ္ဍမှပါဝင်ရန်နှင့် နျူကလီးယားလက်နက်များကို တိုးမြှင့်ထုတ်လုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ကင်သည် မြောက်ကိုရီးယား လွှတ်တော်၏ နှစ်ရက်ကြာ အစည်းအဝေးအတွင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး ထိုအစည်းအဝေးတွင် နိုင်ငံ၏နျူကလီးယားလက်နက်စီမံကိန်းကိုချဲ့ထွင်ရန် ၎င်း၏ မူဝါဒများပါဝင်သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
ကင်သည် ယခုလအတွင်း ရုရှား၏ အရှေ့ဖျားဒေသသို့သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစည်းအဝေးပြုလုပ်ခဲ့ကာ ရုရှား၏ စစ်ဘက်ဆိုင်ရာနှင့် နည်းပညာစင်တာများကို သွားရောက်ကြည့်ရှုခဲ့သည့် ခရီးစဉ်အပြီးတွင် မြောက်ကိုရီးယား၏ အမြင့်ဆုံး ပြည်သူ့လွှတ်တော် အစည်းအဝေးကို စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကင်၏ ရုရှားခရီးစဉ်သည် မြောက်ကိုရီးယားအနေဖြင့် ယူကရိန်းစစ်ပွဲတွင် ရုရှားအားလက်နက်များ ထောက်ပံ့ပေးဖွယ်ရှိပြီး အပြန်အလှန်အနေဖြင့် ၎င်း၏နျူကလီးယားနှင့် ဒုံးကျည်စနစ်များကို မြှင့်တင်ရန် ရုရှား၏ နည်းပညာများနှင့် စီးပွားရေးအကူအညီများကို ရယူဖွယ်ရှိနေသည်ဟု အနောက်နိုင်ငံများက စိုးရိမ်ခဲ့ကြသည်။
မြောက်ကိုရီးယားသည် ကပ်ရောဂါဆိုင်ရာ လော့ဒေါင်းများကို ဖြည်းဖြည်းချင်း အဆုံးသတ်နေချိန်တွင် ကင်သည် အမေရိကန်ကို ဆန့်ကျင်သည့် ညီညွတ်သောတပ်ဦးကို ပူးပေါင်းဝင်ရောက်ရန်နှင့် သံတမန်ရေးအရ ဖယ်ကြဉ်ခံထားရမှုကို ရှောင်လွှဲရန် ရုရှား၊ တရုတ်တို့နှင့် မိတ်ဖက်ဆက်ဆံမှုများကို တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။
ကမ္ဘာကြီးသည် စစ်အေးအသစ်အတွင်းသို့ ဝင်ရောက်နေပြီး မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူကလီးယားစွမ်းဆောင်ရည်များကို မြှင့်တင်သင့်ကြောင်း ကင်က ပြောကြားခဲ့သည်။
လွှတ်တော်အဖွဲ့ဝင်များသည် နျူကလီးယားလက်နက်များကို ပိုမိုမြင့်မားသည့် အဆင့်အထိ လျင်မြန်စွာ တိုးမြှင့်ခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးကို ကာကွယ်ရေး စစ်ပွဲကိုတားဆီးရေးနှင့် နိုင်ငံ၏ ရပ်တည်ပိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်တို့ကို စိတ်ချသေချာစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသစ်ထည့်သွင်းခဲ့သည့် အပိုဒ်ငယ်ကို တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယားအင်အား တည်ဆောက်ရေး မူဝါဒသည် နိုင်ငံ၏အခြေခံဥပဒေအဖြစ် ရာသက်ပန်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းအရာနှင့်မျှ မထီမဲ့မြင်ပြုခွင့်မရှိကြောင်း ကင်က လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။
ထို့ပြင် နျူကလီးယားလက်နက်များထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန်နှင့် နျူကလီးယားတိုက်ခိုက်မှုပုံစံများကို အမျိုးမျိုး အထွေထွေဖြစ်စေရန်အတွက် ဆက်လက်လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း ကင်က အ လေးထားပြောဆိုခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားနှင့် ဂျပန်တို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြင့်တက်နေမှုနှင့် အမေရိကန်၏ ရန်လိုမှုများကြောင့် ခြိမ်းခြောက်မှုများ မြင့်တက်နေသည်ဟုလည်း ကင်က ပြောကြားခဲ့သည်။
Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
