ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်စက်မှုဇုန်ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိခြင်းနှင့်ပတ်သက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မှ ယမန်နေ့ အောက်တိုဘာ ၃၁ ရက်မွန်းလွဲပိုင်းကကျင်းပသည့် လွိုင်ကော်စက်မှုဇုန်ပြန်လည်လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
စက်မှုဇုန်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေး၊ လျှပ်စစ်မီးရရှိရေး၊ ဝင်ထွက်လမ်းများ ကောင်းမွန်ရေး၊ လုပ်ငန်းများလုပ်ကိုင်ရာ၌လိုအပ်သည့် အရင်းအနှီးများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများရရှိရေးတို့ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပေးသွားမည်ဟု ပြောသည်။
ထို့ပြင် ကယားပြည်နယ်သည် အခြေအနေအမျိုးမျိုးကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျခဲ့သဖြင့် ယခုချိန်မှစ၍ ပြည်နယ်၏စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စက်မှုဇုန်ရှိလုပ်ငန်းများအပြည့်အဝပြန်လည်လည်ပတ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့အတူ စက်မှုဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများ၊ သစ်ကိုအခြေခံသော ကုန်ချောထုတ်လုပ်သည့်လုပ်ငန်းများ၊ ဝါးအခြေခံသောလုပ်ငန်းများ၊ ဆန်စက်၊ ဆီစက်၊ ပြောင်းအခြောက်ခံစက်လုပ်ငန်းများကို အဓိကထားပြန်လည်လုပ်ကိုင်သွားရမည်ဟု မှာကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများမှ လွိုင်ကော်စက်မှုဇုန် ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ စက်မှုဇုန်အတွင်း လျှပ်စစ်ဓါတ်အားလိုင်းများ သွယ်တန်းချိတ်ဆက်ပေးရန်နှင့် ဝင်ထွက်လမ်းများဆောင်ရွက်မည့် အခြေအနေနှင့် အခြားဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
