တာဝန်၏တန်ဖိုး၊ ကျေးဇူး၏ မင်္ဂလာကို အလေးမထားမှုသည် ဝမ်းနည်းစရာဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ Facebook တွင် ရေးသားထားသည်။
ကျွန်မတို့နိုင်ငံ အနယ်နယ်အရပ်ရပ်က ပြည်သူများနှင့် Video တွေ့ဆုံဆွေးနွေးပွဲများ လုပ်ခြင်း၏ အကြီးမားဆုံး ရလဒ်သည် COVID- 19 စိန်ခေါ်မှုများကို ကျော်လွှားဖို့ ကြိုးပမ်းနေကြသူများ၏ အရေးကြီး လိုအပ်ချက်များကို သိနိုင်ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသက် ဆိုင်ရာဌာနများက ဆွေးနွေးပွဲပြီးသည်နှင့် မည်သည့်နေရာတွင် ဖြည့်ဆည်းပေးရန် လိုအပ်သည်ကို သုံးသပ်ပြီးလုပ်နိုင်သည်များကို ချက်ချင်းလုပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။
ထို့ပြင် ဥပမာပေးရမည်ဆိုပါက ဧရာဝတီတိုင်းနှင့် ဆွေးနွေးပြီးသည်နှင့် Masks, Thermometer, PPE, လက်အိပ် ဘယ်လောက်များများ၊ ဘယ်လောက်မြန်မြန် ပို့နိုင်မည်ဆိုတာကို ကြည့်ပြီးစီစဉ်ကြောင်း၊ ဝန်ထမ်းအိမ်ယာ အဆင်မပြေတာမျိုး ကိစ္စကိုတော့ ချက်ချင်းမဖြေရှင်းနိုင်သော်လည်း လုပ်နိုင်မည့် နည်းလမ်းများကို လေ့လာနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရေးသားထားသည်။
“သူနာပြုဆရာမလေး ပြောခဲ့တာတွေထဲမှာ အထူးသတိရနေတာ တစ်ခုရှိပါတယ်။ အချို့ပြည်သူတွေက ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးမတင်ကြဘူး၊ လခရလို့လုပ်တာ၊ ဘာလို့ ကျေးဇူးတင်ရမှာလဲတဲ့။ ရပိုင်ခွင့်ကိုရှေ့တန်းတင်တဲ့ ခေတ်ကြီးမှာ ဒီလိုမြင်တာ မထူးဆန်းပါဘူး။ ဒါပေမဲ့ တာဝန်ရဲ့တန်ဖိုး၊ ကျေးဇူးရဲ့မင်္ဂလာကို အလေးမထားတာက ဝမ်းနည်းစရာပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။
ဆက်လက်ပြီး တစ်ချိန်က နှစ်သူကူးချိန် မြန်မာနိုင်ငံအတွက် ဘာဆုတောင်းချင်လဲဟု မေးမြန်းမှုရှိခဲ့ကြောင်း၊ စိတ်ထဲရှိသည့်အတိုင်း ပြည်သူတွေ တစ်ဦးချင်းတစ်ဦးချင်း တာဝန်ကျေစေချင်တယ်ဟု ဖြေလိုက်ကြောင်း၊ ဒီဆုသာပြည့်ပါက နိုင်ငံအတွက် အားလုံးပြည့်စုံပြီဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
