ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အသက်စွန့်၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သား၊ အရာရှိ၊ စစ်သည်များအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်းနှင့် တိုက်ပွဲများကြောင့် သေဆုံးခဲ့သည့် အရပ်သား မိသားစုဝင်များကို နိုင်ငံတော်က ထောက်ပံ့ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ချက်တစ်စောင်အား ဧပြီ ၂၁ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် စားနပ်ရိက္ခာ ပြတ်လတ်၍ အတိဒုက္ခရောက်လျက်ရှိသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ပြည်သူများအတွက် ရိက္ခာဆန်များကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၉ရက်နေ့၊ နေလယ်ပိုင်းတွင် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့သည်ကို ကြားသိရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းပြီး လုံခြုံရေးအခြေအနေများ ပြန်လည်ကောင်းမွန်လာချိန်တွင် ဒေသခံပြည်သူများအတွက် စားဝတ်နေရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းလုံးရှိ အစိုးရ၊ ပြည်သူ၊ စေတနာ့ဝန်ထမ်းများက အလေးထား ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ULA/ AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်၊ အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူး ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှု ဖြစ်စဉ်များ ကြားသိရသည့်အတွက် များစွာဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း၊ ယင်းသို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့သော အရပ်သားများ၊ ယင်းတို့၏ မိသားစုဝင်များအတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပံ့ပိုးကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခကြောင့် ဆင်းရဲဒုက္ခ တွေ့ကြုံနေရသည့် ဖြစ်ရပ်များမှ မိမိတို့ပြည်သူများ ကင်းဝေးနိုင်စေရန်အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
