တောင်ကြီးမြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) တို့တွင် COVID-19 ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့လူနာ ၁၂၁ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၁-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၅) ခုအနက် (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၈၃) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ကြောင်း သိရသည်။
အဆိုပါ ထပ်မံတွေ့ရှိသည့် လူနာနှစ်ဦးကို သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိ ကုသမှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုး ကင်းစင်သူ (၉) ဦးရှိလာခဲ့ပြီး သေဆုံးသူ (၅) ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
