COVID-19 ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုအား ထိန်းချုပ်ဆောင်ရွက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ပင်စင်လစာ ထုတ်ပေးခြင်းများကို ဧပြီလ ၂၁ ရက်နေ့ နံနက် ရး၃၀ နာရီအချိန်မှ စတင်၍ မူယာပင်မြို့တော်ခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်ထုတ်ပေးခြင်းများကို မြန်မာ့စီးပွားရေးဘဏ်က ပြုလုပ်ပေးနေခြင်းဖြစ်ပြီး လာယောက်ထုတ်ယူသူများအား ကျန်းမာရေး စစ်ဆေးပေးမှုများနှင့် အသိပညာပေး လက်ကမ်းစာစောင် ပေးဝေမှုကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)၏ ကွပ်ကဲမှုဖြင့် တပ်မတော်ဆရာဝန်အရာရှိများနှင့် ပြည်ဒေသ တပ်မတော် တပ်ရင်းအရာရှိ တပ်ဖွဲ့ဝင်များက ပူးပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပင်စင်လစာ ထုတ်ပေးခြင်းများကို ဧပြီလ ၂၈ ရက်နေ့အထိ တစ်ရက်လျှင် ၂ ရပ်ကွက်နှုန်းဖြင့် ထုတ်ပေးလျှက်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း လုံခြုံရေး ယူပေးလျှက်ရှိကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
