AA Medical Products Ltd မှ လှူဒါန်းသည့် တစ်ရက်အတွင်း လူဦးရေ ၁၄၀၀ ကျော်ကို ကိိုုရိုနာဗိုင်းရပ်စ် ရှိ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မည့်စက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားသည်။
အဆိုပါစက်မှာ ထိုင်းနိုင်ငံမှတစ်ဆင့် မြဝတီနယ်စပ်သို့ ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။
"ဒီနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်မှာ ထိုင်းနိုင်ငံဘက်ကနေ မြဝတီနယ်စပ် အမှတ် ၂ တံတားမှတဆင့် ကွန်တိန်နာကားတွေနဲ့ သယ်ဆောင်ပြီး မွန်းလွဲ ၂ နာရီ ၄၀ နာရီအချိန်မှာ မြဝတီမြို့ကနေ ရန်ကုန်သို့ ဆက်လက်ထွက်ခွာသွားပြီး ဒီညဦးပိုင်းလောက် ရန်ကုန်မြို့ကို ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းပါတယ်" ဟု ဦးသန့်ဇင်အောင်က ပြောကြားသည်။
အဆိုပါ ကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ Covid-19 ရောဂါစစ်ဆေးသည့် စက်အပါအဝင် ဆက်စပ်ပစ္စည်းများကို AA Medical Products Ltd မှ ဧပြီ ၅ ရက်က ကျိုက္ကဆံအားကစားကွင်း ပြည်ထောင်စုခန်းမ၌ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို ့ အခမ်းအနားဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းစက်ကို ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းတွင် ထားရှိစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါဓာတ်ခွဲစက်နှင့် ဆက်စပ်ပစ္စည်းများအား ထိုင်းနိုင်ငံဖဝါးအဖွဲ့ စုံစစ်ဆေးရေးဂိတ်ထိ သွားရောက်သယ်ဆောင်လာသည့် ကုန်တင်ယာဉ်များအား မြဝတီမြို့မှ တာဝန်ရှိသူများက အမှတ်၂ ချစ်ကြည်ရေးတံတား၌ သွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
