တောင်ဒဂုံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား Mask ဝေငှခြင်းနှင့် အသိပညာပေးခြင်း စသည့် အစီအစဉ်များအား ဧပြီ ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဧပြီလ ၂၁ ရက်၊ နံနက် ၉ နာရီမှစတင်ကာ ဒဂုံတောင်မြို့နယ်၊ စည်ပင်လမ်းနှင့် မြိတ်လမ်းထောင့်တွင် စတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဦးဆောင်ပြုလုပ်ခဲ့သည်။
“လုပ်တာက ၆ ရက်ရှိပါပြီ။ ကျွန်တော်တို့လို မြို့သစ်တွေ နွမ်းပါးတဲ့နေရာမျိုးတွေမှာ Mask မတပ်တာ အတော်များပါတယ်။ များတော့ ကူးစက်နိုင်ဖို့က အန္တရာယ်တစ်ခုဖြစ်တော့ အပြင်ထွက်တိုင်း Mask တပ်ပါဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဒီနေ့လုပ်ဆောင်ပေးခဲ့တာပါ။ နွမ်းပါးတဲ့ နေရာတွေမှာ ကြည့်လိုက်ရင် Mask မတပ်တဲ့သူတွေ များတဲ့အတွက် အခုလို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဒီဒဂုံတောင်မြို့နယ်ကနေ အခြေခံပြီး တခြားမြို့နယ်တွေပါ Mask ဝေနိုင်အောင်၊ ကိုယ့်ဘာသာကိုယ် ချုပ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ခဲ့တာပါ။ တောင်ဒဂုံမြို့နယ်အတွင်း COVID-19 ထိန်းချုပ်မှုအားက အတော်ကောင်းမွန်ပါတယ်။ ဒီနေ့က တစ်ခုသုံး Mask နဲ့ အဝတ်စနဲ့ ချုပ်ထားတဲ့ Mask တွေကို ဝေငှခဲ့တာပါ” ဟု တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။
ထိုသို့ ဝေငှမှုနှင့် ပတ်သက်ပြီး ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ဦးမျိုးကျော်ထွန်းက “Mask ကိုဝေပေးတယ်။ Mask တပ်သင့်တဲ့အကြောင်း အသိပညာပေးမှုတွေ ပြုလုပ်သွားမယ်။ ပြီးတော့ Mask ကို အိမ်မှာလည်းချုပ်ပြီး အသုံးပြုနိုင်အောင် အသိပေးသွားမယ်။ ရပ်ကွက်တိုင်းမှာရှိတဲ့ အပ်ချုပ်ဆိုင်တွေကလည်း Mask ကိုချုပ်ပြီး ရောင်းတာပဲ ဖြစ်ဖြစ်၊ လှူတာပဲဖြစ်ဖြစ် ပြုလုပ်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောကြားသည်။
တောင်ဒဂုံမြို့နယ်အတွင်း Mask များ ဝေငှခြင်းမှာ ၆ ရက်ရှိပြီဖြစ်ပြီး အဓိကအားဖြင့် အခြေခံလူတန်းစား ပြည်သူများကို ဦးစားပေးကြောင်း သိရသည်။
Mask များဝေငှရာတွင် လမ်းသွားလမ်းလာများအပြင် YBS ယာဉ်များအပေါ်ထိတက်ပြီး ဝေငှခြင်းများ ပြုလုပ်ခဲ့ပြီး Mask မပါရှိသည့် ယာဉ်မောင်းများကိုလည်း ဝေငှခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
