Covid-19 ကာလ ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာရွှေ ့ပြောင်းလုပ်သားများသည် မြဝတီ မြို့ Quarantine Center များတွင့် စောင့်ကြပ် ကြည့်ရှုမှု ၂၁ ရက် ပြည့်မြောက်၍ ဧပြီလ ၂၁ ရက်နေ့က နေအိမ်သို့ ပြန်ခွင့်ရသူ ၉၀၅ ဦးရှိ ပြီး သက်ဆိုင်ရာပြည်နယ် တိုင်းအသီးသီးမှ လာရောက်ကြိုဆို သွားပြီ ဖြစ်ကြောင်းသိရသည်။
မြဝတီမြို့ Quarantine center အသီးသီးတွင် စောင့်ကြည့်မှ ုခံနေရသည့် ထိုင်းနိုင်ငံမှ ပြန်လာသူ မြန်မာနိုင်ငံသားများမှာ Quarantine (၂၁) ရက်ပြည့်ပြီဖြစ်၍ နိုင်ငံတော်အစိုးရ အစီစဉ်ဖြင့် ၄င်းတို့နေထိုင်ရာ ပဲခူး၊ကရင်၊မန္တလေး၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း၊မွန် )စသည့် တိုင်းနှင့် ပြည်နယ်အသီးသီးသို့ အစိုးရ အဖွဲချင်း ချိတ်ဆက်ကာ ပြန်လည်ပို ့ဆောင်လိုက်ခြင်းဖြစ်သည်။
Quarantine ၂၁ ရက်ပြည့် ပြီး အလုပ်သမားများနေရပ်သို့ ပြန်ပို့ခြင်ူများကို ကရင်ပြည်နယ်အစိုးရအဖွဲ ့မှ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးကြောင်း မြဝတီ မဲဆန္ဒနယ်အမှတ်၂ ကရင်ပြည်နယ် ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဦးသန် ့စင်အောင်ကပြောသည်။
" မြဝတီမှာ စခန်း ၅ ခု၊ ညီနောင်အပါအဝင် ဆိုရင် ၆ ခုပေါ့ ။ ယခင်က ၁၄ ရက် ၊ ယခု Quarantine က ၂၁ ရက်၊ လက်ရှိမှာတော့ ကရင်ပြည်နယ်အစိုးရအဖွဲနဲ့ တခြားတိုင်းဒေသ ကြီး ပြည်နယ် အစိုးရအဖွဲ ့တွေ ချိတ်ဆက်ဆောင်ရွက်တာ ဖြစ်ပါတယ်။၂၁ ရက် မပြည့်သေးတဲ့သူတွေလည်းရှိသေးတယ်။ ၂၁ ရက်ပြည့်ရင် တော့ခုလို ပဲစီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက် ၃၀ ရက်နောက်ပိုင်း ပြန်လည်ဝင်ရောက်လာမယ့်သူတွေ အတွက်လည်း သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်""ဟု ပြည်နယ်လွှတ်တော ်ကိုယ်စားလှယ် ဦးသန် ့ဇင်အောင်ကပြောသည်။
မြဝတီ မြို့တွင် အထက ၁၊ ရွှေမြဝတီစျေး၊ MoU ရုံး၊ကျောက်လုံး ကြီးစခန့်း၊လေးကေ့ကော် အထက စသော Quarantine Center စခန်း ၅ခုရှိ ပြီး ၊Quarantine ဝင်နေသူ ၁၅ဝဝကျော်ရှိ ကြောင်းသိရသည်။
မြဝတီ မြို့ ရွှေမြဝတီ စျေးသစ် Quarantine center တွင် ၂၁ ရက်နေထိုင်ပြီး Covid 19 ကူးစက်ပြန့်ပွားမှ ုမဖြစ်ရအောင် စောင့်ကြည့်ခဲ့ ပြီးဘားအံသို့ပြန်မည့် ရွှေပန်းခိုင်
က""ဒီမှာ၂၁ရက်နေရပေမဲ့ အားလုံးအဆင်ပြေပါတယ်။ဒီလိုနေရတာ အဆင်ပြေပါတယ်။ ကိုယ့်ရပ်ကိုယ်ရွာမှာ မဖြစ်တော့ဘူးပေါ့၊ကိုယ်တိုင်က ကာကွယ်မှုတွေ လုပ်မှ ၊လူကြီးတွေစီစဉ်သလိုနေမှ ကိုယ်မိသားစု၊ကိုယ့်ရပ်ရွာ ကိုယ့်နိုင်ငံကို ရောဂါမကူးစက်အောင် ကူညီရာရောက်မယ်လေ၊""ဟုဆိုခဲ့သည်။
ထို့ အပြင် မြဝတီမြို့ရှိ ရွှေမြဝတီ စျေးသစ် Quarantine စခန်းတွင် Volunteer အဖြစ်ဆောင်ရွက်နေသူ ဒေါက်တာစောဌေးမြင့်ကလည်း ယခု Quarantine oင်နေသူများမှာ အချုပ်သား အကျဉ်းသား တစ်ယောက်မှ မပါဝင်ကြောင်း၊ကမ္ဘာကပ်ရောဂါကို ပူးပေါင်း တိုက်ထုတ် ကာကွယ်နေသူများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
MoU ရုံး Quarantine Center မှ ဒုတိယတာဝန်ထံ ဦးအေင်မြတ်က"ကိုအောင်မြတ် ကတော့...ကျွန်တော်တို့စခန်းမှာ ၇၈ ယောက်မှနေ့ ၆ ယောက်က Q ၂၁ ရက်ပြည့်လို့ ထွက်သွားပါတယ်။ နောက်ကျန်ရှိတာကတော့ တံတားပိတ်ပြီးနောက် ထိုင်းဘက်မှာ အကြောင့်အမျိုးမျိုးကြောင့် ထိန်းသိမ်းခံရသူတွေက မထွက် ဖြစ်သေးဘူး။သူတို့ကတော့ သူတို့လာတဲ့ ရက်ပေါ်မှာ မှတ်ပြီး ထားရတာဖြစ်တဲ့အတွက် လူ၅၀ ကျော်လောက် ကျန်နေအုံးမှာ ဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။
အဆိုပါ Quarantine ဝင်နေသူ မြန်မာရွှေ ပြောင်းလုပ်သားများအား ပြည်နယ်၊တိုင်းဒေသ ကြီးအသီးသီးသို့ မော်တော်ယာဉ် ၂၃စီးဖြင့် ပို့ဆောင်ပေးခဲ့့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
