ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ COVID-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာများအား ရန်ကုန်မြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် WHO ပိုင် UN တံဆိပ်ပါ မော်တော်ယာဉ်ကို မင်းပြားမြို့နယ်၌ ULA/AA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အရပ်သားဝန်ထမ်းနှစ်ဉီး ဒဏ်ရာများရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့တွင် လေကြောင်းခရီးစဉ်များ ရပ်နားထားသဖြင့် COVID-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသား ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပို့ဆောင်ရန် စစ်တွေမြို့မှ နံနက် ၈ နာရီ ထွက်ခွာလာသည့် WHO ခန့် ဝန်ထမ်း အရပ်သား ယာဉ်မောင်း ဉီးပြည့်စုံဝင်းမောင် မောင်းနှင်ပြီး အရပ်သားဝန်ထမ်း ကျန်းမာရေးကြီးကြပ် (၂) ဉီး အောင်မျိုးဉီး လိုက်ပါလာသည့် WHO မှ ဒေသဆိုင်ရာ ပိုလီယို အရာရှိ၏ WHO ပိုင် UN (5 / 34) မော်တော်ယာဉ်အား မင်းပြားမြို့နယ် ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ညနေ ၅ နာရီခန့်တွင် ULA/AA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းဖော်ပြချက်အရ သိရသည်။
ယင်းသို့ပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဉီးပြည့်စုံဝင်းမောင်၏ ဘယ်ဘက်တင်ပါး ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် ယာဘက်တတောင်ဆစ် စုတ်ပြတ်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ကျန်းမာရေး ကြီးကြပ် (၂) ဉီးအောင်မျိုးဉီး၏ ယာဘက်လက်ဝါး စုတ်ပြတ်ဒဏ်ရာ တစ်ချက် (လက်မပြတ်ခါနီး) ဒဏ်ရာများ ရရှိခဲ့သဖြင့် မင်းရွာ ကျေးလက်ကျန်းမာရေး ဌာနမှတစ်ဆင့် မင်းပြား ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ကုသ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် WHO ပိုင်မော်တော်ယာဉ်မှာ ပစ်ခတ်ခံရသည့်နေရာရှိ မြောင်းထဲတွင် ကျကျန်ခဲ့သဖြင့် ဧပြီ ၂၁ ရက်တွင် သွားရောက် ယူဆောင်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
