ကလေးမြို့နယ်တွင် COVID-19 လူနာခြောက်ဦး တွေ့ရှိခဲ့ပြီးနောက် တောင်ဖီလာရပ်ကွက်ကို Stay at Home ပြုလုပ်ခဲ့ပြီး ပိုးတွေ့လူနာနှင့် Contact ဖြစ်ခဲ့သူများအား မလိမ်မညာ မကွယ်မဝှက်ပဲ ပြောကြားပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောကြားသည်။
“ကျွန်မတို့ မနက်ဖြန်လည်း သွေးနမူနာယူဖို့လည်း ရှိပါတယ်။ စခန်းကြီး ဖက်မှာပေါ့။ သူက အခုအချိန်အထိ ကျန်းမာရေး ကောင်းနေပါတယ်။ သူ့ကိုယ်သူ သံသယ ဖြစ်တာရယ် သူ့ကိုယ်သူ စိတ်ချယုံကြည်မှု မရှိဘူးပေါ့။ စခန်းကြီး ရွာကလည်း သူက ကပ်တဲရွာကိုလည်း ရောက်လည်း ရောက်ခဲ့တယ်။ ညလည်း အိပ်ခဲ့တယ် ဆိုတော့ အခုအချိန်အထိ ဖျားတာကတော့ မဖျားဘူး။ သူ့ကိုယ်သူလည်း သံသယဖြစ်တယ်။ ရွာကလည်း သံသယ ဖြစ်တော့ သွေးနမူနာကလည်း တအားပို့ချင်နေတော့ ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းပြီးတော့ သွေးနမူနာယူဖို့ ရှိပါတယ်။ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေ ဒေသန္တရ အမိန့်တွေကို တသွေမတိမ်း လိုက်နာကြဖို့ ကလေးမြို့ လူထုအားလုံးကို မေတ္တာနဲ့ မှာကြားလိုပါတယ်။ ပြီးတော့ ကိုယ့်မှာ ပိုးတွေ့လူနာရှိခဲ့ပြီ ကိုယ်နဲ့ Contact (ရောဂါရှိသူနှင့် အနီးအနား နေခြင်းဖြင့် ကူးစက်ရောဂါကို သယ်ဆောင်လာရန် အလားအလာရှိသူ) အားလုံးက မကွယ်မဝှက် မလိမ်မညာပဲ ကလေးမြို့ တစ်ခုလုံးရဲ့ လုံခြုံရေးအတွက် သူတို့ကနေပြီးတော့ ကိုယ်ကိုတိုင် ဝန်ခံမှဖြစ်မယ်။ ကလေးမြို့ အားလုံး လူထုနဲ့ သူ့မိသားစု ကိုယ့်ပတ်ဝန်းကျင် တစ်ခုနဲ့ လဲလို့ မဖြစ်ဘူးဆိုတဲ့ အသိတရားလေး ပိုပြီးတော့ ရစေချင်တယ်။ နောက်ထပ် Contact တွေလည်း ရှိနေအုန်းမယ်။ ညာနေသေးတဲ့သူလည်း ရှိနေအုံးမယ်။ ရှိကောင်း ရှိနေမယ်။ မညာဘဲ ဖော်ထုတ် ပြောဆိုဖို့ အတွက်တော့ အရေးတကြီး လိုအပ်နေပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီးမှ ပြောကြားသည်။
ကလေးမြို့တွင် ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သူ ခြောက်ဦးမှာ Case 1 တီးတိန်လူနာနှင့် Case 88 လူနာတို့ထံမှ ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
