COVID- 19 ကုသရေးဌာန (ဖောင်ကြီး)တွင် COVID- 19 လူနာများ ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဝန်ထမ်း ၇၁ ဦးကို ပထမအသုတ် တာဝန်ချထားပြီး ပုဂ္ဂလိကဆေးရုံနှစ်ရုံမှ ဆရာဝန်နှင့် အထောက်အကူပြုအဖွဲ့ဝင် ၆၀ ဖြင့် လုပ်အားပေး ပါဝင်လျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID- 19 ကုသရေးဌာန (ဖောင်ကြီး) တွင် တာဝန်ထမ်းဆောင်ရန် ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်း ၇၁ ဦးအား ဧပြီ ၂၀ ရက်မှ မေ ၁၇ ရက်အထိ ယာယီတွဲဖက်တာဝန်ချထားပြီးဖြစ်ကြောင်း၊ ပထမအသုတ်တွင် ကလေးဆေးရုံကြီး၊ အရှေ့ပိုင်း ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၊ မျက်စိရောဂါအထူးကုဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ အနောက်ပိုင်းပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး စသော ပြည်သူ့ဆေးရုံကြီးများမှ လက်ထောက်ဆရာဝန် ၂၀၊ ရောဂါဗေဒနှင့် အဏုဇီဝဆရာဝန်သုံးဦး ၊ဆေးဝါး / ဆေးဘက်ကျွမ်းကျင်ငါးဦး၊ သူနာပြု ၁၅ ဦး၊ ဓာတ်မှန်နှစ်ဦး၊ ဆေးပညာ ၁၃ ဦး၊ မေ့ဆေး အထူးကုဆရာဝန် ၁၃ ဦး စုစုပေါင်း ၇၁ ဦး တာဝန်ချထားပြီးဖြစ်ကြောင်းနှင့် ဒုတိယအသုတ်အနေဖြင့် ဆရာဝန်အပါအဝင် အထောက်အကူပြုအဖွဲ့ဝင် ၇၁ ဦးကို တာဝန်ချထားရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂလိကဆေးရုံနှစ်ရုံဖြစ်သည့် SSC နှင့် ပင်လုံဆေးရုံတို့မှ အဖွဲ့ခေါင်းဆောင်နှစ်ဦး၊ ဆရာဝန် ၁၀ ဦး၊ သူနာပြုနှင့် သူနာပြုအကူ ၃၅ ဦး၊ ဆေးဝါးကျွမ်းကျင်တစ်ဦး၊ ဆေးဝါးကျွမ်းကျင်အကူ ခြောက်ဦး၊ ဓာတ်မှန်ကျွမ်းကျင်အကူ သုံးဦး၊ ပြုပြင်ထိန်း သိမ်းရေးဝန်ထမ်းခြောက်ဦး၊ Home Keeping နှင့် သန့်ရှင်းရေးရှစ်ဦး၊ ကားဆရာတစ်ဦး စုစုပေါင်းဦးရေ ၆၀ လုပ်အားပေး ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဧပြီ ၁၉ ရက်က တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ ဓာတ်မှန်/ ဓာတ်ခွဲ ကျွမ်းကျင်အရာရှိများနှင့် အထက်တန်းသူနာပြုများ စသည့်အဖွဲ့ဝင် ၄၀ ပါဝင်သော ဆေးအဖွဲ့သည် COVID- 19 ကုသရေးဌာန (ဖောင်ကြီး)တွင် စတင်တာဝန်ထမ်းဆောင်ရန် ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် ဧပြီ ၁၉ ရက်တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ခြင်း၊ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း ၃၆၉ ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးခဲ့ရာ လေးဦး၏ ဓာတ်ခွဲနမူနာများတွင် COVID- 19 ရောဂါပိုး တွေ့ရှိရပြီး ကျန် ၃၆၅ ဦးတွင် COVID- 19 ရောဂါပိုး မတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ဧပြီ ၂၀ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID- 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၁၁ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာငါးဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူနှစ်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
