မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသည် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
နေမာ(၃၂ နှစ်)သည် ဒဏ်ရာကြောင့် တစ်နှစ်ကျော် အနားယူခဲ့ရရာမှ ပြီးခဲ့သည့်အောက်တိုဘာလကမှ အယ်လ်ဟီလာအသင်းအတွက် ပြန်ကစားနိုင်ခဲ့သူဖြစ်သည်။
အင်တာမိုင်ယာမီအသင်း၏ ပူးတွဲပိုင်ရှင်ဖြစ်သည့် နာမည်ကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းသည် ကမ္ဘာကျော်ဘောလုံးသမား မက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မက်ဆီ၏ဘာစီလိုနာအသင်းဖော်များကို ခေါ်ယူနေသည်။
အင်တာမိုင်ယာမီအသင်းသည် မက်ဆီအား ခေါ်ယူပြီးနောက် ၎င်း၏ ဘာစီလိုနာအသင်းဖော်ဟောင်းများဖြစ်သည့် ဘူးစကွက်စ်၊ ယော်ဒီအယ်ဘာနှင့် ဆွာရက်ဇ်တို့ကိုလည်း ခေါ်ယူထားသည်။
ဘာစီလိုနာအသင်းတွင် မက်ဆီ၊ ဆွာရက်ဇ်နှင့် နေမာတို့၏ တိုက်စစ်အတွဲ MSN မှာ ဘောလုံးလောကတွင် အကောင်းဆုံးတိုက်စစ်အတွဲအဖြစ် သတ်မှတ်ခံခဲ့ရပြီး ယခုအခါ အင်တာမိုင်ယာမီအသင်းက ယင်း MSN တိုက်စစ်အတွဲကို ပြန်လည်အသက်သွင်းလိုနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အင်တာမိုင်ယာမီအသင်း၏ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းမှာ နေမာနှင့် ရင်နှီးသည့် ဆက်ဆံရေးရှိသူဖြစ်ပြီး နေမာကိုယ်တိုင်က တစ်နေ့တွင် ဒေးဗစ်ဘက်ခမ်း၏အသင်း၌ လာရောက်ကစားမည်ဟု ပြောဆိုခဲ့ဖူးကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
