ဘိုင်ယန်မြူးနစ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တဲ့ ၂၀၂၂-၂၃ ရာသီက ခြေစွမ်းမျိုး ပြန်ရနေတယ်။ ဒါပေမဲ့ သမိုင်းတစ်လျှောက် ဘိုင်ယန်အသင်းနဲ့ ဘွန်ဒစ်လီဂါတွေ့ဆုံမှုတွေမှာတော့ အူန်ယွန်းဘာလင် နိုင်ပွဲမရှိခဲ့ဘဲ အမြင့်ဆုံးသရေသာ ကစားနိုင်ခဲ့တယ်။ ဘိုင်ယန်အသင်းကတော့ လိုက်ပ်ဇစ်ပွဲကျပ်ချိန်မှာ အမှတ်ဖြတ်နိုင်ဖို့ ကြိုးစားလိမ့်မယ်။ ဘိုင်ယန် အနိမ့်ဆုံး နှစ်ဂိုးတော့ ပြတ်မှာပါ။
ဖရန့်ဖတ် - ဘိုဟုမ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၀၀ နာရီ)
ဖရန့်ဖတ်အသင်း ပွဲကျပ်တွေ ဆက်တိုက်ကစားထားရလို့ (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာပါ။ နိုင်ပွဲပြန်ယူမယ့် ဖရန့်ဖတ်ကိုပဲ ရွေးထားချင်တယ်။
ဟော်ဖန်ဟင်မ် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၀၀ နာရီ)
အမှတ်ပေးဇယားအောက်ပိုင်းမှာ အထက်အောက်ရပ်တည်နေတဲ့ အသင်းတွေဖြစ်ပေမဲ့ ဟော်ဖန်ဟင်မ်က အစဉ်အလာ များစွာသာတယ်။ အိမ်ရှင်ပဲ ကြိုက်တယ်။
ဝုလ်ဖ်ဘတ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၀၀ နာရီ)
အော့စ်ဘတ်အသင်းက ဒီရာသီ (၃)ပွဲအပါအဝင် ဘွန်ဒစ်လီဂါအဝေးကွင်း (၇)ပွဲဆက် အရေးနိမ့်ခဲ့တယ်။ ဝုလ်ဖ်ဘတ် နိုင်ပွဲပြန်ရနိုင်တယ်။
ဟော်စတိုင်ကီလ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၀၀ နာရီ)
ဟိုင်းဟိုင်အသင်း လတ်တလောရလဒ်ပိုင်း အနည်းငယ်ယိုင်နေပေမဲ့ ပွဲကျပ်တွေများတာ သတိပြုရမယ်။ ဟိုင်းဟိုင် အမှတ်ရမှာ သေချာပါတယ်။
ဒေါ့မွန် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၁၂:၀၀ နာရီ)
အံ့အားသင့်စရာကောင်းတာကတော့ ဒီနှစ်သင်းကြား နောက်ပိုင်းတွေ့ဆုံမှုတွေပါပဲ။ ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲမှာ လိုက်ပ်ဇစ်အသင်းက (၆)ပွဲအထိ အနိုင်ကစားခဲ့ပြီး ဒေါ့မွန်ကတော့ (၁)ပွဲပဲ အနိုင်ရခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း လိုက်ပ်ဇစ်ကပဲ နှစ်ကျော့စလုံး အနိုင်ယူထားခဲ့တယ်။ အခုပွဲကတော့ (၆)ပွဲဆက် အနိုင်ရထားတဲ့ ဒေါ့မွန်ရဲ့အိမ်ကွင်းရလဒ်နဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ရှုံးပွဲမရှိမှတ်တမ်း အားပြိုင်ကြရလိမ့်မယ်။ ဒေါ့မွန်အသင်းကတော့ ပြိုင်ပွဲစုံ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲ ရှုံးထားပြီး ဂျာမန်ဖလားကပါ ထွက်ခဲ့ရလို့ ဖိအားပိုရှိနေတယ်။ လိုက်ပ်ဇစ် အမှတ်ရလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
